1. 1. နေ့စဉ်သုံး English Dictionary & Myanmar Definitions

Thursday, August 15, 2013

ကိုယ်တိုင်လေ့လာ သင်ယူနိုင်မဲ့ အကောင်းဆုံး English Learning Site များ


 
 
 
အင်္ဂလိပ်စာ လေ့လာသင်ယူမဲ့ ကျောင်းသားကျောင်းသူတွေ အဓိကမေးလေ့ရှိတဲ့မေးခွန်း
ကတော့၊ အင်္ဂလိပ်စာတတ်အောင်ဘယ်လို လုပ်ရမလဲဆိုတာရယ်၊
ဘယ်မှာသွားသင်ရမလဲဆိုတဲ့မေးခွန်းမေ့လေ့ရှိပါတယ်၊၊
ကျွန်တော်လေ့လာမိသလောက်၊ အင်္ဂလိပ်စာကို ကျောင်းသင်ခန်းစာလို လေ့လာခဲ့တာ၊
လေ့လာနေတာဟာ၊အင်္ဂလိပ်စာကို လေ့လာနေလျက်နဲ့ တိုးတက်မှု နှေးကွေးရတဲ့အကြောင်း
ဖြစ်တယ်လို့ ဆိုပါတယ်၊၊ဆိုလိုတာက၊ အင်္ဂလိပ်စာလေ့လာတဲ့အခါ၊

တာဝန်တစ်ခုလိုသဘောထားပြီးလေ့လာတာ၊
အမှတ်ရအောင်၊ စာမေးပွဲအောင်ဘို့ ဆိုတဲ့ရည်ရွယ်ချက်တွေထားတဲ့အခါ၊ တကယ့်
လေ့လာရမဲ့၊ စကားပြောအလေ့အကျင့်၊ နားထောင်ရည်စွမ်းရည်၊ အရေးစွမ်းရည်တွေကို
အာရုံမစိုက်တော့ပဲ ကျွမ်းကျင်မှု့ နှောက်နှေးရတယ်လို့ ဆိုပါတယ်၊၊
ကိုယ်ကိုယ်တိုင် ပတ်ဝန်ကျင်တစ်ခုဖန်တီးနိုင်ရင်ပိုကောင်းပါတယ်၊၊ ဒီနေရာမှာ ကျွန်တော်တို့ 
ဆရာကြီး လမ်းညွှန်လေ့ရှိတဲ့၊ self confidence build လုပ်ခြင်းဟာတော်တော်လေး
ခရီးပေါက်မြောက် ပါတယ်၊၊
အသုံးဝင်နိုင်မဲ့ အင်္ဂလိပ်စာ လေ့လာစရာ site တွေမျှဝေပေးလိုက်ပါတယ်၊၊
ပညာတတ်လူငယ်များဖြစ်ကြပါစေ.......


1. http://nonstopenglish.com

ဒီ website ကတော့ အင်္ဂလိပ်စာသင်ကြားရေး နဲ့ ပတ်သက်ပြီး ကမ္ဘာ့ အကောင်းဆုံး

နံပါတ်(၁) website ဖြစ်ပါတယ်။ ဒီ website မှာအသုံးပြုသူ User တွေ အနေနဲ့ ကိုယ့်

English Grammer and Vocabulary Skill တွေကို Interactive Tests တွေနဲ့

စစ်ဆေးကြည့်လို့ ရပါတယ်။

ဒါ့အပြင် Register လုပ်ပြီး User log-in နဲ့ ၀င် မယ်ဆိုရင်လည်း သူ့ဆီက အခမဲ့ Email

Test တွေ ရယူ ဖြေဆိုပြီး ကိုယ့်ရဲ့ရမှတ်ကိုလည်း ပြန်လည်ကြည့်ရှုလို့ ရပါတယ်။

ဒီ websites က သူ့ရဲ့ Tests တွေကို အပတ်စဉ် Update လုပ်ပေးပါတယ်။



2. http://englishclub.com

သူကတော့ ဒုတိယအကောင်းဆုံး Learning English websites ပါ။

ဒီ website မှာတော့ လူငယ်ကြိုက် လွတ်လပ်စွာ English သင်ကြားတဲ့ပုံစံကို

ရယူနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ကဗျာလေးတွေ၊ စာလေးတွေကို website

ပေါ်မှာ ပြန်ပြီး Upload လုပ်လို့ရသလို ကိုယ့်ရဲ့ ထင်မြင်ချက်(Comments)တေ

ွကိုလည်း website ပေါ်မှာ ရေးလို့ရပါတယ်။

ဒါ့အပြင် အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့မေးခွန်းပြသနာတွေကိုလည်း အခမဲ့

email နဲ့ ဖြေကြားပေးပါသေးတယ်။


3. http://freeenglish.com

ဒီ website မှာတော့ အခမဲ့သင်ခန်းစာတွေ၊ English နဲ့ ပတ်သက်တဲ့

ebook တွေကို download ရယူ နိုင်ပါတယ်။



4. http://rong-chang.com

ဒီ website ကတော့ အင်္ဂလိပ်စာကို second language အဖြစ် လေ့လာတဲ့

သူတွေအတွက် အထူး လွှင့်တင်ထားတဲ့ website ပါ။ အထူးသဖြင့် english

ဘာသာ mother language မဟုတ်တဲ့ လေ့လာသူများအတွက် သင့်လျော်ပါတယ်။

လေ့ကျင့်ခန်း မျိုးစုံထဲက ကိုယ်နဲ့ကိုက်ညီမယ့် လေ့ကျင့်ခန်းတွေကို ရွေးချယ်လေ့ကျင့်

နိုင်ပါတယ်။


5. http://englishathome.com

ဒီ website မှာတော့ Grammer, vocabulary, verbs and speaking

games တွေနဲ့ english newsletter (သတင်းလွှာ)တွေကို အခမဲ့ရယူနိုင်ပါတယ်။



6. http://nylanguageexchnage.com

ဒီ website ကတော့ နာမည်အတိုင်း မတူညီတဲ့ ဘာသာစကား နှစ်ခုကို

မတူညီတဲ့ လူနှစ်ယောက် သင်ယူ တဲ့ နေရာမှာ ကူညီပေးပါတယ်။

ဥပမာ -ပြင်သစ်စကားသင်နေတဲ့ english speaker တစ်ယောက်နဲ့ အင်္ဂလိပ် စကား

သင်နေတဲ့ french speaker တစ်ယောက် အပြန် အလှန် သင်ကြားတဲ့ပုံစံမျိုးပါ။



7. http://roseofyork.co.uk

ဒီ website ကိုတော့ the rose of york english college ကလွှင့်တင်

ထားတာပါ။ ဒီ site မှာ user တွေ အနေနဲ့ general english, business

english, academic english, english speaking စတာတွေကို အခမဲ့သင်ကြား

လေ့လာနိုင်ကြပါတယ်။



8. http://expertenglish.com

ဒီ site မှာတော့ user တွေကိုယ်တိုင် ပါဝင် (participate) နိုင်တဲ့

program တွေနဲ့ အင်္ဂလိပ်ဘာသာကို သင်ကြားပေးထားပါတယ်။

ဥပမာ - onestop english perfection program မျိုးတွေနဲ့ပါ။



9. http://worldenglish.com

ဒီ website ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ englishဘာသာ လေ့လာသူ

တွေအနေနဲ့ Highest quality english language resources တွေကို

ရရှိကြစေနိုင်ဖို့ လွှင့် တင်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးခြားချက်က

မျက်စိမှုန်သူများနှင့် အသက်အရွယ် ကြီးရင့်သူတွေ အတွက်ပါ လေ့လာနိုင်ဖို့

font size အကြီး အသေးကို အဆင့် ၄ ဆင့်အထိ ပြောင်းလို့ရပါတယ်။ အင်တာနက်

ပေါ်က စာလုံးသေးသေးလေးတွေကို ဖတ်ရတာ စိတ် ပျက်နေသူတွေအတွက်

များစွာသင့်လျော်ပါတယ်။



10. http://learnenglish.org.uk

ဒီ website မှာတော့ english ဘာသာလေ့လာ ရာမှာ အထောက်အကူပြု

quotes တွေ၊ films တွေ၊ music file တွေကို အခမဲ့ download

ရယူနိုင်ကြပါတယ်။



                  Nay Thway Myanmar
 
 
 

No comments:

Post a Comment