1. 1. နေ့စဉ်သုံး English Dictionary & Myanmar Definitions

Friday, August 16, 2013

အစားအစာများကိုခေါ်ဝေါ်ပုံနှင့်အစားအသောက်စားရာတွင်ပြောကြပုံများ

ကျွန်တော်တို့ကိုဆရာဇာနည်ကအခန်းထဲမှာ Food & Drink အကြောင်းကိုဇာတ်လမ်း
လေးလုပ်ခိုင်းတယ်ဇာတ်လမ်းလေးစရေးတော့ကျွန်တော်တို့အဖွဲ့ဇာတ်လမ်းက Unlucky day ဆိုတဲ့အကြောင်းလေးဝင်ပြိုင်ဖြစ်တယ် စာလည်းမှတ်မိစေသလိုပျော်ရွှင်မှု့လည်းရစေတဲ့ဒီဇာတ်လမ်းလေးကို
ဖန်တီးပေးသူဆရာဇာနည်ကိုကျေးဇူးတင်ပါသည်ထားပါတော့သူငယ်ချင်းတို့အတွက်စားသောက်ဆိုင်မှာ
ပြောတဲ့စကားပြောနည်းတစ်ချို့ကိုတင်ပေးလိုက်တယ်နော်မှတ်မိလွယ်အောင်အရှင်းလင်းဆုံးရေးသားပေး
လိုက်ပါတယ် ကဲစလိုက်ရအောင်နော်

Is this table free,waiter
ဒီစားပွဲအားသလားဗျ

Certainly,Sir
ဟုတ်ကဲ့ခင်ဗျ အားပါတယ်

I'm sorry,sir.It's been reserved
ဝမ်းနည်းပါတယ်ဆရာဒီစားပွဲကကြို
တင် မှာထားပြီးဖြစ်နေလို့ပါ

But,that one over there's free
ဒါပေမဲ့ဟိုနားကစားပွဲအားပါတယ်

It doesn't matter.We'll take it
ကိစ္စမရှိပါဘူးရပါတယ်ဒီစားပွဲပဲယူမယ်

Can we have a table for four
ကျွန်တော်တို့လေးယောက်အတွက်
စားပွဲရနိုင်လား

Certainly,sir
ဟုတ်ကဲ့ရပါတယ်

We'd better take a corner table
ကျွန်တော်တို့ထောင့်ကစားပွဲယူရင်
ကောင်းမယ်

Good idea ကောင်းသားပဲ

The menu please
အစားအသောက်စာရင်းပေးပါအုံး

Here you are,sir
ဟောဒီမှာပါဗျာ

Can I take your order,sir
မှာတော့မလို့လားဆရာ

စားသောက်မည့်လူများမှာအောက်ပါ
စကားစုများဖြင့်အစပြုလေ့ရှိသည်

I'd like...............
I think I'll have.........
I'll just take..........
Bring me...............

ဥပမာများ...........
ထမင်းကြော်စားမယ်ဗျာ
I'd like some fried rice

I think I'll have stewed pork
ဝက်သားပေါင်းစားအုံးမှပဲထင်တယ်

I'll just take fried noodles
ခေါက်ဆွဲကြော်ပဲယူတော့မယ်

Bring me a bottle of beer
ဘီယာတစ်လုံးလောက်ယူခဲ့ပါ

သို့သော်တစ်ခါတစ် ရံမည်သည့်စကား
စုမှမပါဘဲတိုက် ရိုက်ပြောဆိုပြီး မှာ
လည်းရနိုင်ပါတယ်

ဥပမာများ.........
Chicken soup,please
ကြက်သားဟင်းချိုပေးပါ

ပေါင်းသည်ဟုဆိုလျှင် stewed က
ိုသုံးပါ
stewed pork - ဝက်သားပေါင်း
stewed duck - ဘဲပေါင်း

ကြော်သည်ဆိုရင်friedကိုသုံးပါ
fried assorted meat - အစုံကြော်
fried meat balls - အသားလုံးကြော်
fried whole chicken - က်ြကောင်လုံးကြော်
fried spare ribs - ဝက်နံရိုးကြော်

ကုန်းဘောင်ကြီးကြော်ဟုဆိုရင် ငရုပ်သီးကိုကြွပ်ကြွပ်ကြော်ထားသည်
ကိုရည် ရွယ်သောကြောင့် paprika ကိုသုံးပါ

ဥပမာများ.........
chicken paprika - ကြက်သားကုန်းဘောင်ကြီးကြော်
pork paprika - ဝက်သားကုန်းဘောင်ကြီးကြော်

ချိုချဉ်ဟုဆိုလိုပါက sweet and sour ကိုသုံးပါ

ဥပမာများ.............
sweet and sour prawn - ပုဇွန်ချိုချဉ်
sweetand sour whole fish - ငါးကောင်လုံးချိုချဉ်
sweet and sour whole pig brain- ဝက်ဦးနှောက်ချိုချဥ

ချဉ်စပ်ဟုဆိုရင် hot and sour ကိုသုံးပါ

ဥပမာများ...........
hot and sour eel - ငါးရှဉ့်ချဉ်စပ်
hot and sour squid(or)cuttle fish - ပြည်ကြီးငါးချဉ်စပ

ကြွပ်ကြော်ဟုဆိုရင် crisp ကိုသုံးပါ

ဥပမာများ............
crisp fride duck - ဘဲကြွပ်ကြော်
potato crisp - အာလူးကြွပ်ကြော်

ကင်သည်ဟုဆိုပါက grilled ကိုသုံးပါ သို့သော်ဝက်နံကင်ကို bacon
ဟုခေါ်သည် ကင်သည်ကို smoked ဟူ၍လည်းသုံးလို့ရသည်


ဥပမာများ............
grilled chicken - ကြက်ကင်
grilled duck - ဘဲကင်
smoked fish - ငါးကင် (မီးများဖြင့်ကင်ထားသော)

အဆင်မပြေမှု့များရှိခဲ့ရင်ဆက်သွယ်ပေးနော်လိုတာရှိရင်လည်းမှာခဲ့နော်
ဆက်လက်ရေးပါအုံးမည် နေသွေးမြန်မာ

No comments:

Post a Comment