Learn English speaking FREE with TalkEnglish
အင်္ဂလိပ် စကားကို Native Speakerတွေလို မဟုတ်တောင် ကျွမ်းကျင်စွာ ရေရေလည်လည်
ပြောဆို တတ်ချင် သူများ အတွက် နည်းစနစ် Learn English speaking FREE with
TalkEnglish
ကောင်းမွန်တဲ့ လေ့ကျင်မှုတွေ ပါဝင်တဲ့
ဒီဝက်ဘ်ဆိုက်က ကူညီပြသ၊ သင်ကြား လမ်းညွှန်မှုတွေ ပေးစွမ်းနိုင် ပါလိမ့်မယ်။
နေ့စဉ်သုံး စကားပြောတွေကို သင်ကြားတဲ့ ပုံမှန် လေ့ကျင့်ခန်းတွေ၊ ခရီးသွား
အင်္ဂလိပ် စကားပြောတွေ၊ လုပ်ငန်းသုံး အင်္ဂလိပ် စကားတွေ၊ အင်တာဗျူးမှာ
ယုံကြည်မှု အပြည့်အ၀နဲ့ ပြောဆိုနိုင်ဖို့ အင်တာဗျူး စကားပြော
လေ့ကျင့်ခန်းတွေ၊ စကားပြောမှာ အသုံးပြုလေ့ ရှိတဲ့ အခြေခံ သဒ္ဒါတွေ၊
ဘာသာပြန်ဖို့ ခက်ခဲလေ့ရှိတဲ့ Phraseနဲ့ Idiomတွေ၊ နားထောင်မှု စွမ်းရည်ကို
မြှင့်တင်ပေးမယ့် ရယ်မော ပျော်ရွှင်ဖွယ် ကောင်းတဲ့ အမေးအဖြေ ကဏ္ဍနဲ့ Special
Topicsတွေ ကို လေ့ကျင့် သင်ကြား နိုင်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စကား
ပြောဆိုရာမှာ လိုက်နာစရာ စည်းမျဉ်း ငါးခုကိုလည်း တင်ပြထားလို့ စကားပြော
လေ့လာသူတွေ အကြိုက်တွေ့စေမှာပါ။
ဝက်ဆိုဒ်ထဲကိုရောက်သွားလျှင် ကိုယ်လေ့လာချင်တဲ့ ဥပမာ Basics လား ၊ Bisiness လား ၊ Travel လား
အများကြီးရှိပါတယ်။ နှိပ်လိုက်လို့တစ်ဘက်စာမျက်နှာကိုရောက်သွားလျှင် ကိုယ်သိချင်တဲ့စာကိုနှိပ်ပြီး
ညာဘက်အောက်ထောင့်လေးမှာ Audio Play ကိုနှိပ်လိုက်တာနဲ့ အသံထွက်နဲ့ရှင်းပြပေးပါလိမ့်မယ်။
အဆင်ပြေနိုင်ကြပါစေ နေသွေးမြန်မာ
No comments:
Post a Comment