1. 1. နေ့စဉ်သုံး English Dictionary & Myanmar Definitions: October 2013

Saturday, October 5, 2013

English Speaking သင်ခန်းစာများ

ကျွန်တော် ဒီ ခေါင်းစဉ် အောက်မှာ ဆ၇ာမောင်မောင်ဝမ်း နေ.စဉ် သင်းကြားပို.ချတဲ. အင်္ဂလိပ် စကားပြော သင်ခန်းစာတွေ တင်ပေးသွားပမယ်။ English Speaking လေ.လာတာ အဆင်ပြေဖို.အတွက် သင်ခန်းစာ(Pdf) နဲ. အသံဖိုင်ပါ တွဲ ပြီးတင်ပေးထားပါတယ်။ 

(1)Need_to 12MB
ဒီမှာနှိပ်ပြီးဒေါင်းပါ။

(2)Can (8.74MB)
ဒီမှာနှိပ်ပြီးဒေါင်းပါ။

(3)Too_to_enough
ဒီမှာနှိပ်ပြီးဒေါင်းပါ။

(4)Remember_or_remind (2MB)
ဒီမှာနှိပ်ပြီးဒေါင်းပါ။

(5)Get_adj (3MB)
ဒီမှာနှိပ်ပြီးဒေါင်းပါ။

(6)Except (3MB)
ဒီမှာနှိပ်ပြီးဒေါင်းပါ။

(7)Most__almost (3mb)
ဒီမှာနှိပ်ပြီးဒေါင်းပါ။

နေသွေး မြန်မာ

Wednesday, October 2, 2013

" ကလေးအဘိဓါန် " Application(for android)




"ကလေးအဘိဓာန် Application" ဤ Application လေးဟာ ကလေးများ အတွက် အင်္ဂလိပ်စာ သဒ္ဒါများကို ကောင်းကောင်းလေ့ကျင့်နိုင်ရန်အတွက် ရဥ၁်ရွယ်၍ ရေးသားထားခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ် စကားစု များကို နှိပ်လိုက်လျှင် မြန်မာစာကို ဖော်ပြပေးထားသဖြင့် ကလေးများကိုယ်တိုင် မိမိတို့၏ သဒ္ဒါများကိုလည်း ကောင်းစွာ လေ့ကျင့်နိုင်မည်ဖြစ်ပါတယ်။ Apk File Size7.15MB ရှိပြီး Android Version2.2 နှင့်အထက်ဖုန်းများ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 




♣ဒေါင်းလုပ် ယူနည်း♣
*ပေးထားသော လင့်ခ် များထဲမှ နှစ်သက်ရာ လင့်ခ် တစ်ခုကို click နှိပ်ပါ။Tab နောက်တမျက်နှာသို့ ရောက်ပါက ၅စက္ကန့်မျှစောင့်ပေးပါ။ပြီးရင် ညာဘက်အပေါ်ထိပ်ဒေါင့်နားလေးက "SKIP AD" ဆိုတာကို ထပ်မံ click နှိပ်ပေးလိုက်ခြင်းအားဖြင့်
မိမိဒေါင်းလုပ်ရယူရမည့် ဆိုဒ်သို့ရောက်ရှိပါမည်။


 ♣ DOWNLOAD HERE ♣

နေသွေး မြန်မာ

Andorid အတွက်မြန်မာဖတ်စာလေးပါ





















ကိုဇော်သွင်ဆိုဒ်ထဲက ကူးလာတာပါ "မြန်မာဖတ်စာ APK" Credit To "JAS" ဤမြန်မာဖတ်စာဆိုတဲ့ Application လေးဟာ သူငယ်တန်း မြန်မာဖတ်စာကို ရုပ်ပုံလှလှများ၊ အသံများဖြင့် ကလေးငယ်များ စိတ်ဝင်စားဖွယ် ရေးသားထားခြင်းဖြစ်ပါတယ်။ Apk File Size18.85MB ရှိပြီး Android Version 2.2 နှင့်အထက်ဖုန်းများမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 

★ဒေါင်းလုပ် ယူနည်း★
ပေးထားသော လင့်ခ် အား click နှိပ်ပါ။Tab နောက်တစ်မျက်နှာသို့ရောက်ပါက ၅ စက္ကန့်မျှစောင့်ပေးပြီးလျှင် ညာဘက်အပေါ်ထိပ်ဒေါင့်နားက အပြာရောင်စာသားနှင့်ရေးထားသည့် "SKIP AD" ဆိုတာလေးကိုထပ်မံ၍ click နှိပ်ပေးလိုက်ခြင်းအားဖြင့် မိမိဒေါင်းလုပ်ရယူရမည့် ဆိုဒ် သို့ရောက်ရှိမည် ဖြစ်ပါသည်။မရပါက back နှင့်တစ်ချက်ပြန်ထွက်လိုက်ပြီးမှ "SKIP AD" ဆိုတာကိုပြန်နှိပ်ပေးပါက အဆင်ပြေပါမည်။
♥DOWNLOAD HERE♥ 


အဆင်ပြေနိုင်ကြပါစေ နေသွေးမြန်မာ

English Speaking App:(အင်္ဂလိပ် စကားပြော Apk)



ဤ App လေးဟာ အသုံးများသော အင်္ဂလိပ် စကားပြောများကို ရေးသားထားခြင်းဖြစ်ပါတယ်။ မိမိပြောလိုသော စကားများကို ယခု Application ကို အသုံးပြု၍ လွယ်ကူစွာ ပြောဆိုနိုင်ပါတယ်။ Apk file Size 1.6MB ရှိပြီး Android Version 2.2 နှင့် အထက်ဖုန်းများ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
♣DOWNLOAD HERE♣

https://copy.com/vD1fQ/english-speaking-by-%E1%80%80%E1%80%AD%E1%80%AF%E1%80%B1%E1%80%87%E1%80%AC%E1%80%B9%E1%80%9E%E1%80%BC%E1%80%84%E1%80%B9.apk?download=1

ချီးမွမ်းပြောဆိုနည်း


နည်းလမ်းတကျ ချီးမွမ်းပြောဆိုတတ်ဖို့ လေ့လာထားပါ။
* Man: Good morning!
အမျိုးသား - နှုတ်ဆက်စကား
Woman: Morning!
အမျိုးသမီး - တုံ့ပြန်နှုတ်ဆက်
* Man: By the way, I just wanted to say well done on clinching that deal!
အမျိုးသား - စကားမစပ် ပြောရဦးမယ်။ အဲဒီသဘောတူညီချက်ရအောင်လုပ်လို
က်တာ သိပ်ကောင်းတာဘဲ။
Woman: Oh, thanks. It wasn’t too difficult.
အမျိုးသမီး - ကျေးဇူးတင်ပါတယ်။ သိပ်မခက်ပါဘူး။
* Man: You’re being modest! You did really well.
အမျိုးသား - ကိုယ့်ကိုယ်ကို နှိမ့်ချပြောတာပါ။ တကယ်တော့ အင်မတန် တော်တဲ့ လုပ်ရပ်ပါ။
Woman: Thank you.
အမျိုးသမီး - ကျေးဇူးတင်ပါတယ်။
* Man: You’re a great manager, you know.
အမျိုးသား - ခင်ဗျားက အင်မတန်တော်တဲ့ မန်နေဂျာဘဲ သိတယ်မဟုတ်လား။
Woman: Do you think so?
အမျိုးသမီး - အဲဒီလိုဘဲ ထင်သလား။
* Man: Oh yeah.
အမျိုးသား - ထင်ပါတယ်။
Woman: I appreciate that. (Pause)
အမျိုးသမီး - ကျေးဇူးတင်ပါတယ်။
(ခေတ္တငြိမ်သက်)
* Man: Have you cut your hair?
အမျိုးသား - ဆံပင်ညှပ်ထားလား။
Woman: Oh yes, I did actually. Thanks for noticing!
အမျိုးသမီး - ဟုတ်တယ်။ ညှပ်လိုက်တယ်။ သတိပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
* Man: Where did you get it done?
အမျိုးသား - ဘယ်မှာညှပ်တာလဲ။
Woman: Oh, just that place on the high street.
အမျိုးသမီး - လမ်းမတန်းက ဆိုင်မှာပါ။
* Man: They did a great job and it looks great with the out fit.
အမျိုးသား - ဆံပင်ညှပ်တဲ့သူတွေ တကယ်တော်တာဘဲ၊ အ၀တ်အစားနဲ့လည်း သိပ်လိုက်တယ်။
Woman: Do you think so?
အမျိုးသမီး - အဲဒီလိုဘဲ ထင်သလား။
* Man: Oh yeah. Very …fashionable.
အမျိုးသား - ထင်ပါတယ်၊ သိပ် ဖက်ရှင်ကျတာဘဲ။
Woman: Oh, it’s just an old thing.
အမျိုးသမီး - ပုံဟောင်းနေပါပြီ။
* Man: Well, you’ve got a great sense of style.
အမျိုးသား - ခင်ဗျား စတိုင် သိပ်ကောင်းတာဘဲ။
Woman: Thank you, youtoo.
အမျိုးသမီး - ကျေးဇူးတင်ပါတယ်။ ရှင်လည်း ဒီလိုပါဘဲ။
* Man: Thank you.
(pause)
အမျိုးသား - ကျေးဇူးတင်ပါတယ်။
(ခေတ္တငြိမ်သက်)
* Man: Nice perfume, too.Is that Dream?
အမျိုးသား - ရေမွှေးလည်းကောင်းတယ်နော်။ Dream ရေမွှေးလား။
Woman: Well, yes it is,actually.
အမျိုးသမီး - ဟုတ်တယ်။
* Man: You wear it well.
အမျိုးသား - ခင်ဗျားနဲ့ လိုက်တယ်။
Woman: I’m flattered.
အမျိုးသမီး - သိပ်မြှောက်တာဘဲ။
Man: My pleasure.
အမျိုးသား - တကယ်ပြောတာပါ။
* Woman: Listen, do you want something?
အမျိုးသမီး - နေပါဦး။ ရှင်တစ်ခုခု လိုချင်တာရှိလို့လား။
Man: No. I’m just being polite, you know.
အမျိုးသား - မရှိပါဘူး။ စကားကို ယဉ်ကျေးအောင် ပြောတာလေ။
Woman: Hmmm.
အမျိုးသမီး - သြော်။
English Grammar လေ့လာရန် (3rd Edition CD v1.2 )


ကျွန်တော်တို့အခု English Grammer လေးတွေကို Lessons လေးတွေအလိုက် အသံထွက်ရော ကျန်တဲ့ အစိတ်အပိုင်းလေးတွေကိုပါ တစ်ခါတည်းလေ့လာနိုင်အောင် တင်ပေးလိုက်တာဖြစ်ပါတယ်။ အထဲမှာ စာအုပ်လေးကိုပါ PDF ဖိုင်လေးနဲ့ ထည့်ပေးထားပါတယ်။ ဒါကတော့ ကျွန်တော်စာမျက်နှာတစ်မျက်နှာ ကို ပြပေး ထားတာဖြစ်ပါတယ်။ အောက်မှာလည်း ကျွန်တော် ဘယ်ကနေစပြီး Run ရမလဲဆိုတာကို နည်းနည်းပြောပြပါ့မယ်။ ပြီးတော့ အခွေနဲ့ Burn ပြီးအသုံးပြုလိုသူများအတွက် အဆင်ပြေအောင် ISO ဖိုင်လေးနဲ့ပါ တစ်ခါတည်း တွဲထည့်ပေးထားပါတယ်။  ဖိုင်ဆိုဒ်ကတော့ 479 MB ရှိပြီး ကျွန်တော် အပိုင်းငါးပိုင်း ခွဲထည့်ပေးထားပါတယ်။ ကျွန်တော်အရင်ကလည်း အင်္ဂလိပ် Lessons လေးတွေနဲ့ ပတ်သတ်တဲ့ E-books လေးတွေနဲ့ အတူတူ Audio ဖိုင်လေးတွေပါတစ်ခါတည်းတွဲတင်ပေးခဲ့ ပါတယ်။ အင်္ဂလိပ်စာလေ့လာနေသူများအတွက် ဒါမှမဟုတ် မိမိတို့ ကလေးတွေအတွက်ပါ အဆင်ပြေမှာပါ။ စာလေးတွေကို ဖြေပြီးရင်တော့ အောက်မှာ အမှားအမှန်ကိုပါ တစ်ခါတည်း စစ်ပေးနိုင်ပါတယ်။  အောက်မှာ ကြည့်ရအောင်ဗျာ။

 ဖိုင်အားလုံးပေါင်း ငါးဖိုင်ရှိပါတယ်။ ပထမဆုံးအပိုင်းကနေစပြီးခွဲထုတ်လိုက်ရင် အကုန်ပြေသွားပါလိမ့်မယ်။ PDF ဖိုင်လေးနဲ့ စာအုပ်ဖိုင်လေးရယ် ပြီးတော့ CEGIU ဆိုတဲ့ ISO ဖိုင်လေးပါထွက်လာပါလိမ့်မယ်။ ကျွန်တော်တို့ ISO ဖိုင်လေးကို ထပ်ဖြည်လိုက်ပါ.။ Setup ဖိုင်လေးတွေနဲ့ အတူတူ Applications ဖိုင်လေးတွေပါ တစ်ခါတည်းထွက်လာလိမ့်မယ်။ ကျွန်တော်တို့ ပထမဆုံးအနေနဲ့ SetupClarityRecorder ဆိုတဲ့ Application လေးကို အရင်ဆုံး Run ရပါမယ်။ ပြီးရင် Flash Player မရှိတဲ့သူတွေအတွက် ကတော့ အထဲမှာ Flash Player လေးပါတစ်ခါတည်းပါပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ Autorun ကနေသုံးလိုက်တာပိုအဆင်ပြေပါတယ်။ ပုံမှာကြည့်လိုက်ပါ။
ဒါလေးက ခုနကျွန်တော်ပြောတဲ့ ပထမဆုံးစပြီး Run ပေးရမယ့် ကောင်လေးဖြစ်ပါတယ်။ ဒုတိယကတော့ Autorun လေးဖြစ်ပါတယ်။
ဒါကတော့ Autorun မှာ မြင်ရမယ့်ပုံဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ကျွန်တော်တို့ ကွန်ပျူတာကနေတစ်ခါတည်း Run ရမယ့်နေရာဖြစ်ပါတယ်။ အောက်ကတစ်ခုကတော့ ကျွန်တော်တို့ CD ထဲကို Burn ပြီးတော့မှ စက်မှာ ပြန်ပြီး Install လုပ်မယ့်သူတွေအတွက်ပါ။ ထွေထွေထူးထူးတော့လည်း သိပ်မရှိပါဘူး။ ကျွန်တော်တို့ အရင် Software လေးတွေ Run သလိုပါပဲ။ အဆင်ပြေပါလိမ့်မယ်။ ပြီးရင်တော့ ကျွန်တော်တို့ သုံးလို့ရပါပြီ။ ကြည့်လိုက်ပါ။
ကျွန်တော်တို့ Tense လေးတွေအလိုက် ခွဲပေးထားသလို အထဲမှာလည်း သူနဲ့သက်ဆိုင်တဲ့ Lessons လေးတွေ ပါဝင်ပါတယ်။ အားလုံးအဆင်ပြေအောင် ကျွန်တော်စက် သုံးလုံးမှာ စမ်းပြီးတင်ပေးလိုက်တာပါ။ အကုန်အဆင်ပြေမယ်လို့ထင်ပါတယ်။ ကျွန်တော်အောက်မှာ အဆင်ပြေအောင် ငါးပိုင်းခွဲထည့်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။

English Grammar


အဆင်ပြေနိုင်ကြပါစေ နေသွေးမြန်မာ
ငွေပေးချေခြင်းစောဒကမေးခွန်းများ

ဒီသင်ခန်းစာကတော့အရင်အပတ်ရဲ့အဆက် ငွေပေးချေခြင်းနှင့်သက်ဆိုင်သည့် စကားပြောဆိုပုံများဖြစ်သည်။ ဟိုတယ်လုပ်ငန်းတစ်ခုမှာ လုပ်ငန်းဆောင်ရွက်ချက်တိုင်းသည် အဆင်ပြေချောမွေ့ တတ်သည်မဟုတ်ပါ။ လူအမျိုးမျိုးနှင့် ဆက်ဆံရသည့်အတွက် အခက်အခဲအမျိုးမျိုး ရင်ဆိုင်ရတတ်ပါသည်။ ထို့ကြောင့်လည်း အမှားအယွင်းများလည်း ရှိတတ် ပါသည်။ မည်သို့ပင်ဆိုစေ မှားသည်ဆိုသည်မှာကောင်းသောလက္ခဏာမဟုတ်သည့်အတွက် မရှောင်နိုင်သော်လည်း တတ်နိုင်သမျှအမှားနည်းအောင်ဆောင်ရွက်ရပါသည်။ ဧည့်သည်မှ စောဒကတက်မေးလာသည့်မေးခွန်းများကို ဖြေရှင်းဆောင်ရွက်ပုံများကို လေ့လာကြည့်ကြပါစို့။ I think there’s a mistake (တစ်ခုခုတော့မှားနေပြီထင်တယ်) Dialogue 1 Guest: Could we have the bill please? Staff : Thank you madam. Guest: Excuse me, I think there’s a mistake. There are a lot of items here but I didn’t have much wine or any extra dishes. This looks too much. Staff: I’m sorry madam, this isn’t your bill. It’s table 17’s. One moment, I’ll get the right bill for you. Here we are. I’m sorry about that. Guest: Uh, that’s better. Here’s my visa card. Dialogue 2 Guest 1: Hello, I’m in room 532 and I’d like to settle my bill. Staff: 5-3-2, huh, here we are Mr. Badouvas. Are you paying by American Express? Guest 1: Yes, but just a moment. What are all these items? How much is the mini-bar bill? Staff: 40 euros. Guest 1: 40 euros? Alex, how many drinks did you have? Guest 2: Uh, just a few... and some snacks. Guest 1: Look at the phone calls. We didn’t make many calls. This amount is ridiculous. Staff: One moment. I’ll just check for you. No, you didn’t make many calls. But there was one very expensive call to Athens on Tuesday evening. Tuesday evening. Alex? လေ့လာထားရမည့် expression များ Could we have the bill please? ကျွန်တော်တို့ငွေတောင်းခံလွှာရနိုင်မလား။ I think there’s a mistake. တစ်ခုခုတော့မှားနေပြီထင်တယ်။ I’m sorry madam, this isn’t your bill. တောင်းပန်ပါတယ်ခင်ဗျာ။ ဒါအမကြီးရဲ့ငွေတောင်းခံလွှာမဟုတ်ပါဘူး။ I’ll get the right bill. ဘီလ်အမှန်ပြန်ယူပေးပါ့မယ်။ I’d like to settle my bill. ငွေရှင်းချင်လို့ပါ။ လေ့လာထားရမည့်ဝေါဟာရများ account ငွေစာရင်း amount ပမာဏ appear ပေါ်လာသည်။ ထင်ရသည်။ ဟန်ရှိသည်။ balance စာရင်းလက်ကျန်။ လက်ကျန်ငွေ charge(s) အဖိုးအခ click နှိပ်သည်။ credit အကြွေး၊ ပေးချေရန်ဆိုင်းငံ့ငွေ။ debit ပေးချေရန်ငွေ။ ပေးငွေ။ မြီစားစာရင်း။ deposit ဘဏ်အပ်ငွေ။ အာမခံငွေ။ ကြိုတင်ပေးငွေ extra အပို grey မီးခိုးရောင် issue (v) ထုတ်ပေးသည်။ ထုတ်ပြန်သည်။ ridiculous ရယ်စရာကောင်းသော။ အဓိပ္ပါယ်မရှိသော။ service charge ၀န်ဆောင်ခ လေ့လာထားရမည့်ဝါကျတည်ဆောက်ပုံများ (Quantifiers) အများကြီး ဟူသည့် ပမာဏပြစကားလုံးများ much, many, a lot of I don’t have much money. How much time do you have? *** much ကို ရေတွက်၍မရသောနာမ် များကို ပမာဏ ပြရာမှာသုံးသည်။ There aren’t many free tables left. How many rooms are booked tonight? *** many ကို ရေတွက်၍ရသောနာမ် များကို ပမာဏ ပြရာမှာသုံးသည်။ We have a lot of guests from Scandinavia. He isn’t paid a lot of money in his job. Are there a lot of guests in the hotel? a lot of ကို ရေတွက်၍ရသောနာမ်/ရေတွက်၍မရသောနာမ် နှစ်မျိုးစလုံးနှင့်တွဲသုံးနိုင်သည်။ ________________________________________________________________ ယေဘုယျမှတ်ထားရန် much --> + uncountable nouns ......... | | + a lot of many --> + countable nouns ......... | ________________________________________________________________ လေ့ကျင့်ခန်း ၁။ အောက်ပါဝါကျတို့ကို much, many or a lot of သုံး၍ဖြည့်ပါ။ 1. There aren’t ................. people in tonight. 2. There’s ................. preparation to do. 3. How ................. single rooms do you have? 4. Is there ................. work to do this morning? 5. There are ................. beds to change. 6. We don’t have ................. time. 7. There’s ................. information on our website. 8. How ................. money do you have? ၂။ ၀ါကျအမှား ၁၀ ခုရှာ၍ much, many, a lot of သုံး၍အမှန်ပြန်ရေးပါ။ 1. There aren’t much people in the restaurant tonight. ........ many/ a lot of 2. How many is a double room for the weekend? 3. We haven’t had many guests from the US this year. 4. We don’t have much rooms left at the weekend. 5. Do they need many equipment for the conference? ' 6. Chef has put much pasta dishes on the menu today. 7. She takes a lot of money in tips in her job. 8. There isn’t many wine left in the bottle. 9. Much staff take their holidays in low season. 10. We don’t have much people from South America staying. 11. There aren’t much different wines on the wine list. 12. We don’t have many time to service all the rooms. ** staff ကို native speakers တစ်ချို့က many နဲ့လည်းသုံးလေ့ရှိတယ်လို့ဆွေးနွေးတာဖတ်ဖူးတယ်။

Answers  1. many, 2. much, 3. many, 4. much, 5. many, 6. much, 7. much, 8. much ၂။ 1. Many 2. much, 3. √ , 4. many, 5.much 6. many, 7. √ , 8. much, 9. much, 10. many, 11. many, 12. much
The rain has come - မိုးကျပြီ

The rain has come. မိုးကျပြီ။ Monsoon has brought rain to all parts of Myanmar. မုတ်သုန်လေက မြန်ပြည်တစ်ခွင် မိုးပုလဲပန်းတို့ ကျဲဖြန်းဖို့ဆောင်ယူလာသည်။ တစ်နွေလုံးပူလောင်ခဲ့သမျှ မိုးကြောင့်အေးမြရသည်။ When the grass dry မြက်တွေခြောက်သည့်အခါ၊ the trees have lost their leaves သစ်ပင်တို့ရိုးတံ ပြိုင်းပြိုင်းဖြစ်သည့်အခါ၊ the fields are parched, လယ်ကွင်းတို့ပတ်ကြားအက်သည့်အခါ သူသူငါငါ မိုးမျှော်ကြသည်။ လယ်သမားတွေက We could do with some rain. ဟုညည်းလေ့ရှိသည်။ သည်လိုနှင့် မုတ်သုန်နှင့်အတူ မိုးခြိမ်းသံ၊ တိမ်ညို့ညို့မှိုင်းမှိုင်းတို့ကို မြင် ရကြားရသည်က မိုးမျှော်ကြသူတို့အတွက် ဘ၀င်နှစ်ခြိုက်စရာ။ လွန်ဆွဲပွဲ tug of war လုပ်စရာမလိုတော့။ မိုးရာသီသည် နှင့်အတူကျောင်းတို့လည်း ပြန်လည်ဖွင့်ချေပြီ။ ကလေးငယ်တို့ ကျောင်းပြန်တက်ကြသည့် back to school ရာသီဖြစ်သည်။ အင်္ဂလန်တွင်တော့ spring သည်မိုးရာသီဖြစ်သည်။ ကောင်းကင်တွင် တိမ်မရှိသည့်နေ့မရှိ။ The sky is never without a cloud အမြဲတမ်း တိမ်ထူသည့် cloudy days တွေသာဟုသိရသည်။ အေပရယ်လလောက်မှ shower တစ်ပြိုက်နှစ်ပြိုက် ရွာသည်မှစ၍ မေ၊ ဂျွန် လတွေလောက်အထိ ဆက်သွားသည်။ မြန်မာနိုင်ငံတွင်တော့ ကဆုန်လလယ်ခန့်မစ၍ ၀ါခေါင်တော်သလင်းအထိ မိုးတာရှည်သည်။ တစ်ခါတစ်ရံ it pours သွန်ချသလို It rains cats and dogs./ သဲကြီးမဲကြီးရွာချတတ်သည်။ If you are caught by a driving (or pelting) rain, သဲသဲမဲမဲရွာသွန်းဖြိုးသည့် မိုးမိပြီဆိုမှဖြင့် you'll be wet through, drenched (or soaked)to skin, တစ်ကိုယ်လုံးရွှဲရွှဲစိုမည်။ your clothes will be dripping အ၀တ်အစားတွေရေစက်စက်နှင့် ကြွက်စုတ်ကလေးဖြစ်မည်။ တစ်ခါတစ်လေ It looks like rain မိုးရွာမည့်အရိပ်အယောင်မြင်ရင် We'd better run for it. ပြေးမှဖြစ်မယ်။ ခိုစရာရှာရမယ်။ ပိုအေးသည့်ဒေသများတွင်တော့ မိုးနှင့်အတူ it hails မိုးသီးကြွေတတ်သည်။ Hail-stones ကြီးမားသည့်မိုးသီးများသည် လူနှင့်တိရစ္ဆာန်များကိုအန္တရာယ်ပြုနိုင်သည်။ ငယ်ငယ်တုန်းက “နေပူမိုးရွာသူခိုးလာ ” ဟုအော်ဆိုခဲ့ဖူးသည့် When there is a shower and sunshine at the same time, နေပူခြင်း မိုးရွာခြင်းတစ်ပြိုင်တည်း ဖြစ်သည့်အခါ a rainbow appears in the sky. ကောင်းကင်တွင် သက်တန့်ပေါ်သည်ကိုကြည်နူးစရာတွေ့မြင်နိုင်သည်။ မိုးရာသီက ကောင်းခြင်းတွေကိုသာဆောင်ကျဉ်းလာသည်မဟုတ်။ လူသားတို့အတွက်အန္တရယ် တို့ကိုလည်းယူဆောင်လာသည်။ In equatorial countries like Myanmar, မြန်မာကဲ့သို့ အီကွေတာရပ်ဝန်းကနိုင်ငံတွေမှာ the rainy season often causes much damage to crops, life and property. မိုးရာသီဟာ ကောက်ပဲသီးနှံနှင့် လူသားတွေ၏အသက်အိုးအိမ် စည်းစိမ်တွေကိုပျက်စီးစေတတ်တယ်။ နှစ်စဉ်နှစ်တိုင်း struck by lightning မိုးကြိုးပြစ်ခံရ၍သေဆုံးသူမှာမနည်းလှချေ။ disastrous cyclone Nargis နာဂစ်မုန်တိုင်းဘေးဆိုးကြီးက မြန်မာပြည်ရှိလူထုကို သဘ၀ဘေးအန္တရာယ်ကိုကြောက်တတ် အောင်သင်ပေးလိုက်သည်။ ဒါကြောင့်မလို့အခုဆိုလျှင် ပြည်သူတို့ Much attention is given to the weather forecasts. မိုးလေ၀သခန့်မှန်းကြေငြာချက်တွေကို ဂရုပြုလာခဲ့ကြပြီ။ ဘုရားကျောင်းတွေရဲ့ထိပ်မှာ weathercock လေညွှန်တံလေးတွေရှိတယ်။ လေရဲ့လားရာလမ်းကြောင်းကိုသိနိုင်တယ်။ barometer လေဖိအားတိုင်းတဲ့ကိရိယာလေးကို ကြည့်ရင် ရာသီဥတုအခြေအနေကိုသိနိုင်တယ်။ If it is raising အပေါ်တက်နေမယ်ဆိုရင် သာယာတဲ့ရာသီဥတုကိုမျှော်မှန်းနိုင်ပြီး If it is falling ကျနေပြီဆိုရင် မိုးရွာနိုင်တယ်။ မိုးဆိုတာကလည်း စိုင်းထီးဆိုင်သီချင်းထဲကလို “ရွာမလိုလိုလာမလိုလိုနဲ့ + + + လေယူရာပါသွားတဲ့မိုးတိမ်လို”ခန့်မှန်းရခက်တာကလား။ ဒါကြောင့် သွားလေရာ take your umbrella ထီးယူသွားရတယ်။ ဒါပေမယ့်လည်း It's bucketing down. တကယ်တန်း သည်းသည်းထန်ထန်ရွာရင်တော့ My umbrella was useless today ပဲပေါ့။ It is better to wear a raincoat. မိုးကာအင်္ကျီနဲ့မှအလုပ်ဖြစ်မယ်နဲ့တူတယ်။ မနက်အလုပ်သွားကာနီး မိုးတွေရွာနေပြီဆိုရင်တော့ မထချင်ထချင်နဲ့မနည်းထရတယ်။ အလုပ်နောက်ကျတတ်တဲ့သူတွေအတွေက် There's flood everywhere. ရေတွေလျှံနေလို့ဆိုတာ အကြောင်းပြချက်ကောင်းပေါ့ ။ It's been raining all day. တစ်နေကုန်မိုးရွာနေရင်တော့ လည်း Nice weather for ducks လို့သာညည်းချင်မိတော့တယ်။ rain နဲ့ပါတ်သက်တဲ့ idioms တစ်ချို့ကိုလည်းလေ့လာကြည့်ပါဦး။ rain check လုပ်သည်တဲ့။ တစ်ယောက်ယောက်က ဖိတ်ကြားတာကို သွားချင်လုပ်ချင်ပါလျက်မလုပ်နိုင်လို့ နောက်တစ်ကြိမ်ပေါ့ဟူသည့် အဓိပ္ပါယ်နှင့် ငြင်းဆိုလျှင် I'll take a rain check on that drink tonight, if that's all right. ဟုပြောကြသည်။ come in out of the rain အဖြစ်မှန်တစ်ခုကိုသိလာသည်။ Hey, man! Come in out of the rain! Don't you see that your boss is taking advantage of you! come rain or shine နေပူပူမိုးရွာရွာ Don't worry. I'll be there come rain or shine. We'll hold the picnic—rain or shine It never rains but it pours. ပြဿနာသည်တစ်ခုတည်းဘယ်တော့မှမလာ။ စုပြုံလာတတ်သည်။ not know enough to come in out of the rain မိုက်မဲသူ။ ထုံထိုင်းသူ Bob is so stupid he doesn't know enough to come in out of the rain. rain on somebody's parade သူတပါးအကြံအစည်ကိုဖျက်သည်။ I'm sorry to rain on your parade, but you're not allowed to have alcohol on the premises. Read more: The rain has come. - မိုးကျပြီ။ 
ကောင်မလေးတို့စကားဝိုင်း 

ယခင်တစ်ပတ်က ကောင်လေးတို့စကားဝိုင်းအကြောင်းရေးသားခဲ့ပါတယ်။ ဒီတော့ကောင်မလေးတွေက လည်းသူတို့ပြောလေ့ရှိတဲ့အကြောင်းလေးတွေ သိချင်မှာပဲ။ ကောင်မလေးတို့ စကားဝိုင်း ဟာကောင်လေးတွေနဲ့တော့ အကြောင်းအရာသိပ်မတူကြဘူး။ ကေင်လေးတွေက ကောင်မလေးတွေ အကြောင်းပြောလေ့ရှိပေမယ့် ကောင်မလေးတွေကတော့ သူတို့ရဲ့ကိုယ်ခန္ဓာနဲ့ အသွင်အပြင်အလှအပနဲ့ ပတ်သက်တာပိုပြောလေ့ရှိမယ်။ ကောင်မလေးတွေက ယောက်ျားလေးတွေအကြောင်းပြောတတ်ပေမယ့် ပြောတဲ့အကြောင်းအရာတွေက ကိုယ်ရည်ကိုယ်သွေး၊ အလုပ်အကိုင်၊ အဆင့်အတန်း စတဲ့ရုပ်ဆင်းအင်္ဂါ နဲ့ သိပ်မပတ်သက်လှတဲ့အကြောင်းအရာတွေဖြစ်နေလေ့ရှိတယ်။ ဒါကြောင့်ဒီသင်ခန်းစာမှာတော့ ယောက်ျားလေးတွေရဲ့ အဆင်းနဲ့အချင်း နှစ်ခုအကြောင်း မိန်းကလေးတွေပြောလေ့ရှိတာမျိုးတွေ လေ့လာသွားကြပါမယ်။ "What do you look for in a guy?" ယောက်ျားလေးတစ်ယောက်မှာဘယ်အချက်တွေကိုလိုချင်လဲ။ "What kind of person do you want to meet?" ဘယ်လိုလူမျိုးနဲ့ဆုံချင်လဲ။ "What type of person do you want to marry?" ဘယ်လိုလူမျိုးနဲ့လက်ထပ်ချင်လဲ။ "Who is your ideal type?" မင်းရဲ့အလိုချင်ဆုံးပုံစံကဘယ်လိုလူမျိုးလဲ။ "How important is looks to you?" ရုပ်ရည်ကမင်းအတွက်ဘယ်လောက်အရေးကြီးလဲ။ "Do you think physical appearance is important?" ခန္ဓာကိုယ်အသွယ်အပြင်ကအရေးကြီးတယ်ထင်လား။ "What is the first thing you look for in a guy?" ယောက်ျားလေးတစ်ယောက်ကို ပထမဦးဆုံးမင်းကြည့်တဲ့အချက်ကဘာလဲ။ ဒီလိုမေးခွန်းတွေအတွက်အဖြေတွေကတော့ "I'm looking for a guy who will treat me well." ငါ့ကိုကြင်ကြင်နာနာဆက်ဆံမယ့်လူပဲလိုချင်တယ်။ "I want a guy who is romantic." ငါကတော့ နုနုရွရွ စိတ်ကူးယဉ်ဆန်တဲ့လူမျိုးကိုလိုချင်တယ်။ "I want to meet a guy who is rich." ငါကတော့ ချမ်းသာတဲ့လူတစ်ယောက်နဲ့တွေ့ချင်တယ်။ "I want a type of person that will respect me." ငါ့ကိုလေးစားတန်ဖိုးထားတဲ့လူမျိုးကိုလိုချင်တယ်။ "I want someone responsible. He should be able to take care of the family both emotionally and financially." ငါကတော့ တာဝန်ယူတတ်တဲ့လူမျိုးလိုချင်တယ်။ သူ့မိသားစုကို စိတ်ပိုင်းဆိုင်ရာရော ငွေကြေးအရာရောတာဝန်ယူနိုင်ဖို့လိုတယ်။ "I want a down to earth type of guy." ငါကတော့ လက်တွေကျတာ (ရိုးရိုးအေးအေးကြီး)ပဲကြိုက်တယ်။ "My ideal type is a guy who is smart and sensitive." ငါ့စိတ်ကူးထဲကပုံစံကတော့ ထက်မြက်ပြီး စာနာနားလည်တတ်တဲ့ယောက်ျားတစ်ယောက်မျိုးပဲ။ "Looks are not that important to me." ငါ့အတွက်တော့ ရုပ်ရည်ကသိပ်အရေးမပါဘူး။ "The guy needs to be good looking to have a chance with me." ငါနဲ့ဖူးစာဆုံမယ်ဆိုရင် သူက ကြည့်ကောင်းမှဖြစ်မယ်။ "The first thing I look for in a guy is looks." ပမဦးဆုံးငါကြည့်တဲ့အချက်ကတော့ ရုပ်ရည်ပဲ။ မိန်းကလေးတွေလည်းယောက်ျားလေးတွေရဲ့ ရုပ်ရည် ကိုယ်လုံးကိုယ်ပေါက်နဲ့ပတ်သက်ပြီးအချင်းချင်း ပြောတတ်ကြပါသေးတယ်။ ထူးခြားချက်ကတော့ သူတို့ဟာအရပ်အမြင့်နဲ့ပတ်သက်ပြီးအာရုံစိုက်တတ် ကြတယ်။ ၀ါကျတစ်ချို့လေ့လာကြည့်ကြပါစို့။ "I want a tall guy." ငါကတော့အရပ်ရှည်တဲ့လူ လိုချင်တယ်။ "I have always been attracted to tall guys." ထောင်ထောင်မောင်းမောင်းယောက်ျားမျိုးတွေကိုစိတ်ဝင်စားတယ်။ "I don't like short guys." ဂျပုတွေကိုတော့ မကြိုက်ဘူး။ "I'm not attracted to short guys." အရပ်ပုတဲ့ယောက်ျားတွေကိုစိတ်မ၀င်စားဘူး။ "I like a guy with a cute face." ခပ်ချောချောချစ်စရာမျက်နှာနဲ့ကောင်လေးမျိုးကြိုက်တယ်။ "I want a guy that works out." လေ့ကျင့်ခန်းလုပ်တဲ့လူမျိုးကြိုက်တယ်။ ယောက်ျားလေးတွေနဲ့ပတ်သက်တဲ့မိန်းကလေးတို့ရဲ့မှတ်ချက်တစ်ချို့ဖြစ်ပါတယ်။ "He is so cute." ချစ်စရာလေး။ မိန်းကလေးအတော်များများဟာ cute ဆိုတဲ့စကားလုံးကိုသုံးတတ်ကြပါတယ်။ cute ရဲ့အဓိပ္ပါယ်ရင်းက ချစ်စရာကောင်းသော လို့ဆိုတော့ ကလေးလေးလိုချစ်စရာကောင်းတယ်လို့တော့ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ဆိုလိုချင်တာက“ ကြည့်ကောင်းတယ် ”လို့ပါပဲ။ "He is very handsome." "He's so handsome." သူကအရမ်းချောတာပဲ။ "He is good looking." သူကကြည့်ကောင်းတယ်။ "He is tall with dark hair and brown eyes." သူက အရပ်ရှည်ရှည် ဆံပင်နက်နက် မျက်လုံးညိုတွေနဲ့ပေါ့။ ကဲ ဒါတွေကတော့ အနောက်တိုင်းက မိန်းကလေးတွေဆုံတဲ့အခါ ပြောလေ့ပြောထရှိတဲ့ယောက်ျား လေးတို့အကြောင်းပေါ့။ သူတို့က အလှအပအသုံးအဆောင်ပစ္စည်း နဲ့တခြားမိန်းကလေးတွေ အကြောင်းလည်းပြောတတ်တယ်တဲ့။ ကဲ ကျွန်တော်တို့မြန်မာပြည်ကမိန်းကလေးတွေကော အတူတူပါပဲလား။ ဖြည့်စွက်ချင်တာတွေ ကန့်ကွက်ချင်တာတွေများရှိကြဦးမလား ။
ကောင်လေးတို့စကားဝိုင်း

ကောင်လေးတို့စကားဝိုင်း ကောင်လေးတို့ဆုံမိလျှင် ဘာအကြောင်းတွေပြောလေ့ရှိပါသလဲ။ ဂိမ်းအကြောင်းလား၊ နိုင်ငံရေးအကြောင်းလား၊ သူတို့နှစ်သက်ရာ ဂီတရုပ်ရှင်တွေအကြောင်းလား။ သေချာတာကတော့ မိန်းကလေးချောချောလေးတွေအကြောင်း မပါမဖြစ်နေမှာပါ။ သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်ထိုင်နေရင်း ကောင်မလေးအမိုက်စားလေးတစ်ယောက်ဖြတ်သွားလို့များတော့ မျက်လုံးလေးတွေအငေးသားနဲ့သူ့အကြောင်းတစ်ယောက်တစ်ပေါက်ပြောကြမှာမလွဲပါဘူး။ "Damn. Did you see that girl?" သေစမ်း။ မင်းဟိုကောင်မလေးကိုတွေ့လိုက်လား။ "Wow. She was hot." ဟာ . . . လန်းတယ်ကွာ။ "Yo yo. Check her out. Over there by the payphone." ရို့ရို့ . . . ဟိုမှာကြည့်လိုက်စမ်း။ ဟိုမှာ ဖုန်းရုံဘေးနားမှာ။ "Look at her cleavage. She's showing half her breasts." "Her legs are so fine." ခြေတံလေးတွေလှလိုက်တာ။ (သွယ်လျနေတယ်) "Oh my gosh. A girl of that caliber only comes around once a year." အလိုလေးလေး။ ဒီလိုကောင်မလေး(အမိုက်စား)မျိုးက တစ်နှစ်မှတစ်ခါလာတတ်တာ။ ဒီလိုပြောသံလေးတွေလည်းဆူညံထွက်လာတော့တာပဲပေါ့။ Caliber ကို urban dictionary က ဒီလိုအဓိပ္ပါယ်ဖွင့်ထားတယ်။ Excelling in charm, incredibly good looking, Perfection. Caliber is a synonym for magnitude. Hot is commonly used to describe a girl who is very sexy. Cleavage is the space between the breasts. တစ်ခါတစ်လေမှာ သူငယ်ချင်းတွေကို ကိုယ်မြင်ခဲ့တဲ့ကောင်မလေးတစ်ယောက်အကြောင်း ဖောက်သည်ချချင်တယ်။ "I saw this girl at the bus station an hour ago. She was the sexiest thing I have ever seen." ဒီကောင်မလေးကိုငါခုန တစ်နာရီလောက်တုန်းက ကားမှတ်တိုင်မှာတွေ့ခဲ့တာ။ ငါတွေ့ဖူးသမျှထဲမှာတော့ ဆွဲဆောင်မှုအရှိဆုံးအရာလေးပဲဟေ့။ "I was shopping at the mall, and I saw this girl in tight jeans. She was hot. I was drooling just looking at her." ငါကုန်တိုက်ထဲမှာဈေးဝယ်နေတုန်းလေ။ အဲဒီကောင်မလေးက ဂျင်းဘောင်းဘီအကျပ်နဲ့ကွ။ လုံးဝလန်းတယ်။ ကြည့်ရုံနဲ့တင်သွားရည်ကျတယ်ကွာ။ "I went to the bookstore and a girl was leaning over to pick up a book. I saw half her breasts and they were tight." စာအုပ်ဆိုင်သွားတုန်းက ကောင်မလေးတစ်ယောက် စာအုပ်ကုန်းကောက်လိုက်တာ × × × × × × I'm married and all, but I couldn't help looking at her." ငါအိမ်ထောင်နဲ့ပါ။ ဒါပေမယ့် သူ့ကို မကြည့်ဘဲကိုမနေနိုင်ဘူး။ “အဖိုးမဖြတ်နိုင်တာအဖွား” ဆိုတဲ့ဟာသလို ယောက်ျားလေးတွေကိုအဆွဲဆောင်နိုင်ဆုံးအရာကလည်း မိန်းကလေးတွေပဲပေါ့။ အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်က စိတ်ပညာပါမောက္ခ Dr. Terri D. Fisher ရဲ့သုတေသနအရ ယောက်ျားလေးတွေဟာ တစ်နာရီကို တစ်ကြိမ် (သို့)နှစ်ကြိမ်လောက် sex, food, sleep အကြောင်းစိတ်ရောက်ပါတယ်တဲ့။ ဒီတော့လည်း မိန်းကလေးတွေရဲ့ညှို့ငင်နိုင်တဲ့မွေးရာပါပိုင်ဆိုင်မှုဟာ သူမတို့ရဲ့ခန္ဓာကိုယ်အလှဆိုတာမဆန်းဘူးပေါ့။ မိမိကြိုက်တဲ့မိန်းကလေးတစ်ယောက်ရဲ့ပုံစံကို ဒီလိုမျိုးတွေပြောနိုင်တယ်။ "I like a girl with a lot of curves." ငါတော့ကောက်ကြောင်းလေးတွေနဲ့ကောင်မလေးမျိုးကိုသဘောကျတယ်။ (ဂစ်တာရှိတ်မျိုး) "I like all girls with a great body." ငါတော့ ကိုယ်လုံးလှတဲ့ကောင်မလေးတွေကိုကြိုက်တယ်။ "I like skinny girls." ငါတော့ ပိန်ပိန်သွယ်သွယ်လေးတွေကိုကြိုက်တယ်။ "I like a girl with smooth skin." ငါတော့ အသားအရေချောမွေ့တဲ့မိန်းကလေးမျိုးကိုကြိုက်တယ်။ "Since I'm pretty tall, I want a tall skinny girl." ငါကအရပ်တော်တော်ရှည်တော့ အရပ်ရှည်ရှည်ပိန်ပိန်သွယ်သွယ်ကောင်မလေးပဲလိုချင်တယ်။ "I like a girl who likes to have fun." ငါတော့ ပျော်ပျော်နေတတ်တဲ့မိန်းကလေးမျိုးကိုကြိုက်တယ်။ "I like girls who are smart. I can't stand airheads." ငါတော့ ထက်ထက်မြက်မြက်မိန်းကလေးမျိုးကိုကြိုက်တယ်။ "I like all pretty girls." ငါကတော့ လှတဲ့မိန်းကလေးအကုန်လုံးကိုကြိုက်တယ်။ "I like obedient girls." ငါက နာခံတတ်တဲ့ကောင်မလေးမျိုးကြိုက်တယ်။ "The most important trait for me is wisdom. I want a girl who is wise." ငါ့အတွက်အရေးအကြီးဆုံးကတော့ ဥာဏ်ပညာပဲ။ စဉ်းစားချင့်ချိန်နိုင်တဲ့မိန်းကလေးပဲကြိုက်တယ်။ "It's important that the girl is smart and intelligent." ဥာဏ်လည်းကောင်းရမယ်ထက်ထက်မြက်မြက်လည်းရှိရမယ်။ "I want a girl who is going to take care of me." ငါတော့ ကိုယ့်ကိုယ်ဂရုစိုက်မယ့်မိန်းကလေးပဲလိုချင်တယ်။ "I like athletic girls because I like to play sports." ငါကအားကစားသန်တဲ့မိန်းကလေးမျိုးကြိုက်တယ်။ ငါကအားကစားလုပ်ရတာကြိုက်တယ်လေ။ ကိုယ်မလိုချင်တဲ့ပုံစံ၊ မကြိုက်တဲ့ပုံစံလေးတွေလည်းရှိမှာပေါ့။ မဟုတ်ဘူးလား။ "I can't stand girls with attitude." မာန်တက်နေတဲ့ကောင်မလေးတွေကိုသည်းမခံနိုင်ဘူး။ "I hate stuck up girls." ငါကမောက်မာပြီး ဘ၀င်ကိုင်တဲ့မိန်းကလေးတွေကိုမုန်းတယ်။ "The worst kind of girls are high maintenance girls." အဆိုးဆုံးကတော့ ငါးကြင်းခေါင်းကိုင်ချင်တဲ့မိန်းကလေးတွေပဲဟေ့။ high maintenance = ၁။ အသုံးအဆောင်ဝယ်ရာတွင်ကောင်းပေ့မှလိုချင်သော ၂။ အမြဲတမ်းအပြင်ပန်းအသွင်အပြင်နဲ့သူများကိုဆုံးဖြတ်တတ်သူ။ မိမိကို လူတကာထက်သာတယ်ထင်သူ။ ၃။ ရည်းစား၏ဂရုစိုက်မှုကိုအလွန်အမင်းတောင်းဆိုသူ။ "Stay away from nagging girls. You'll want to kill yourself after a month with them." တဗျစ်တောက်တောက်ပြောတတ်တဲ့မိန်းကလေးတွေတော့ဝေးဝေးရှောင်ဟေ့။ တစ်လလောက်တွဲမိတာနဲ့ ကိုယ့်ကိုယ့်ကို သတ်သေချင်စိတ်ပေါက်သွားမယ်။ "It bothers me when a girl is not independent." ကိုယ့်အားကိုယ်မကိုးတဲ့မိန်းကလေးမျိုးဆိုရင်စိတ်ရှုပ်တယ်။ "I don't like skinny girls who are like toothpicks. It's just gross." ၀ါးခြမ်းပြားလို ပိန်ပိန်ပါးပါးတွေကိုမကြိုက်ဘူး။ ကဲဒီလိုဆိုတော့ကောင်လေးတို့ သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ စကားဝိုင်းဖွဲ့လို့ရပြီပေါ့။ သူ့အကြိုက်၊ ကိုယ့်အကြိုက်အမြင်ခြင်းဖလှယ်ကြပြီးစိတ်ကူးယဉ်အိပ်မက်လေးတွေမက်နိုင်ပြီ။ ဗိုလ်ချုပ်ဈေးတို့၊ ပလာဇာတို့ရောက်ရင် မျက်စိစားပွဲထိုင်ကာ အချင်းချင်းတီးတိုးမှတ်ချက်လေးတွေပေးနိုင်ကြပြီပေါ့။ ပျော်ရွှင်ကြပါစေ။ 
နိုင်ငံခြားသားများနှင့်ဖြစ်စေ၊ မိမိမသိသူမျက်နှာစိမ်းများနှင့် ဖြစ်စေ တွေ့ဆုံပြောရမည့်အခြေအနေ တွေအများကြီးရှိပါသည်။ ဘတ်စ်ကားစောင့်နေစဉ်၊ တန်းစီနေစဉ် လူစိမ်းတို့နှင့်စကားပြောဖြစ်တတ်ကြသည်။ ကူးတို့ယာဉ်ပေါ်၊ ပန်းခြံတစ်ခုအတွင်းခုံပေါ်ထိုင်နေစဉ်လည်း တစ်ယောက်နှင့်တစ်ယောက် အလာပသလာပ စကားစမည်ပြောတတ်ကြသည်။  မိမိနှင့်မသိကျွမ်းသူများနှင့် စကားပြောရမည့်အခြေအနေသည် အချိန်မရွေး ဘယ်သူမဆိုကြုံကြိုက်ရမည်မလွဲပါ။ ထို့ကြောင့် ထိုအခြေအနေမျိုးတွင် ပြောနိုင်စေရန် လေ့ကျင့်ထား၊ လေ့လာထားရမည်ဖြစ်သည်။ အဓိကသည် small talk ဟုခေါ်သည့် ထွေရာလေးပါး စကားပြောပင်ဖြစ်သည်။  ခရီးသွားဧည့်သည်တစ်ယောက်ကိုသာဆိုပါက ပထမဦးဆုံးမေးရမည်မှာ ဘယ်ကလာသလဲ ဟူသည့်မေးခွန်းပါ။ ဒီလိုနှင့် မိတ်ဆွေဖြစ်သွားနိုင်သည်။

"Are you visiting from somewhere?"
တစ်နေရာရာကလာလည်တာလား။

"Yes. I'm visiting from Korea."
ဟုတ်တယ်။ ကျွန်တော် ကိုရီးယားကလာလည်တာ။

"Are you on vacation here?"
ဒီမှာအားလပ်ရက်ခရီးနဲ့လား။

"Yes. I'm taking a vacation from Korea."
ဟုတ်တယ်။ ကျွန်တော် ကိုရီးယားက အားလပ်ရက်ခရီးထွက်လာတာ။

ကိုယ်လည်း tourist, သူလည်း tourist ဆိုရင်တော့ဒီလိုမျိုးတွေမေးနိုင်သည်။

"How are you enjoying your vacation?"
ဘယ်လိုလဲဗျ။ သဘောကျရဲ့လား။

"I'm having a great time. How about you?"
အရမ်းပျော်ပါတယ်။ ခင်ဗျားကော။

"It's pretty fun here. Are you having a good time?"
ဒီမှာ ပျော်စရာတော်တော်ကောင်းပါတယ်။ ခင်ဗျားကော။

"This is a great place. I'm having a lot of fun. Are you having fun?"
ဒီနေရာက အရမ်းကောင်းတယ်။ အရမ်းပျော်တယ်။

"Are you here with your family?"
ဒီကိုမိသားစုနဲ့လာတာလား။

"I'm here with my wife and 2 kids. They are so excited to be here."
ကျွန်တော့ ဇနီးနဲ့ကလေးနှစ်ယောက်နဲ့။ သူတို့လည်း ဒီကိုလာရတာ အရမ်းစိတ်လှုပ်ရှားနေကြတယ်။

"My kids love this place. This is our third time here. Have you been here before?"
ကလေးတွေဒီနေရာကို နှစ်ခြိုက်ကြတယ်။ အခုဆိုသုံးကြိမ်မြောက်ရောက်တာ။ ခင်ဗျားကော အရင်ကရောက်ဖူးလား။

"This is my first time here. I always wanted to come and I'm having a great time."
ဒါကျွန်တော့် ပထမဆုံးအကြိမ်ပဲ။ အမြဲတမ်းလာချင်နေခဲ့တာ။ စိတ်ကျေနပ်စရာပါပဲ။

တစ်ယောက်ယောက်နဲ့စကားစပြောဖို့အကောင်းဆုံးအချိန်သည် မိမိဘေးမှလူ ဘာမှလုပ်မနေသည့်အချိန်ဖြစ်သည်။ လမ်းလျှောက်သွားသူကို လိုက်စကားပြောဖို့အဆင်မပြေလှ။ အနှောင့်အယှက်ပေးသလိုဖြစ်မည်။ ပန်းခြံလိုမျိုး၊ ပင်လယ်ကမ်းခြေလိုနေရာမျိုးမှာတော့ မိမိဘေးမှလူ နှင့်မိတ်ဆွေဖွဲ့ဖို့ စကားစပြောဖို့အဆင်ပြေသည်။ ပထမဦးဆုံး အဖွင့်စကားလေးနှင့် စကြည့်မည်။ တစ်ဖက်က ပြန်လည်တုံ့ပြန်ပါက ဆက်ပြောနိုင်သည်။ စိတ်မ၀င်စားဟန်ပြပါက အသာနေရုံပင်ဖြစ်သည်။ လေ့လာကြည့်ပါ။

A: "It's a nice day."
သာယာတဲ့နေ့လေးတစ်နေ့ပဲနော်။

B: "Yes. It is a beautiful day."
ဟုတ်တယ်ဗျ။ လှပတဲ့နေ့တစ်နေ့ပဲ။

A: "Do you live around here or are you visiting?"
ခင်ဗျားဒီနားမှာနေတာလား။ ဒါမှမဟုတ် အလည်လာတာလား။

B: "I am on vacation from Korea."
ကျွန်တော် ကိုရီးယားက အားလပ်ရက်ခရီးထွက်လာတာပါ။

A: "That's cool. Are you having a good time?"
တယ်ဟုတ်ပါလား။ ပျော်ရဲ့လားဗျ။
B: "Yes. There are many things to see and I'm taking a lot of pictures. Do live in this city?"
အင်း။ ဒီမှာကြည့်စရာရှုစရာတွေအများကြီး။ ဓါတ်ပုံတွေလည်းအများကြီးရိုက်ရတယ်။ ခင်ဗျားဒီမြို့မှာနေတာလား။

A: "Yeah. I'm just here with my kids. They wanted to come to the park today."
အင်း ဒီမှာကျွန်တော့်ကလေးနှစ်ယောက်နဲ့။ သူတို့ပန်းခြံလာချင်တယ်ဆိုလို့လေ။

B: "What's a good place to visit in this city?"
ဒီမြို့မှာ လည်ဖို့ကောင်းတဲ့နေရာဘာများရှိလဲ။

A: "Where have you been so far?"
ခင်ဗျား ဘယ်တွေရောက်ခဲ့ပြီးပြီလဲ။

B: "This was my first stop. I was going to look at my maps."
ဒီနေရာပဲရောက်သေးတာ။ မြေပုံကြည့်နေတာလေ။

A: "I recommend going to the water front in downtown. They have a ferry you can ride, some
good restaurants, and a good beach for a walk."
မြို့ထဲက ရေဆိပ်ဘက်သွားကြည့်ဖို့ညွှန်းချင်တယ်။ ကူးတို့ယဉ်စီးလို့ရတယ်။ စားသောက်ဆိုင်ကောင်းကောင်းတွေနဲ့ လမ်းလျှောက်လို့ကောင်းတဲ့ကမ်းခြေရှိတယ်။

B: "How do I get there from here?"
အဲဒီကို ဘယ်လိုသွားရလဲခင်ဗျ။

A: "You see Jackson street over there? Go straight for 10 blocks. When you see 5th Avenue, turn left. Follow the street for about 3 miles and you should see it."
ဟိုမှာ ဂျက်ဆန်လမ်းတွေ့တယ်မဟုတ်လား။ အဲဒီအတိုင်းတည့်တည့် ၁၀ ဘလောက်လျှောက်သွားပါ။ အမှတ်ငါး ရိပ်သာလမ်း ကိုတွေ့ရင် ဘယ်ဘက်ချိုး။ လမ်းအတိုင်း ၃ မိုင်လောက်လျှောက်လိုက်ရင် တွေ့လိမ့်မယ်။

B: "Thanks. I'll go check it out. It was nice talking to you."
ကျေးဇူးပဲဗျာ။ ကျွန်တော်သွားကြည့်လိုက်မယ်။ ခင်ဗျားနဲ့စကားပြောရတာကောင်းပါတယ်။

A: "It was nice meeting you. Have a good time."
ခင်ဗျားနဲ့တွေ့ရတာဝမ်းသာပါတယ်။ ပျော်ရွှင်ပါစေ။

ဒီတခါတော့ဈေးဝယ်တာကို ပြောကြရအောင်

ဆိုင်ဝန်ထမ်းက “ Do you need any help?”, “How can I help you?”,”Can I give you a hand”,”What can I do for you” စသဖြင့် မေးလာနိုင်ပါတယ်။

ကိုယ်က ၀ယ်ဖို့ မဟုတ်ဘူး။ ကြည့်ရုံဘဲလာတာဆိုရင်
“I’m just looking” လို့ ပြန်ဖြေနိုင်ပါတယ်။

ဒါမှမဟုတ် ပစ္စည်းတစ်ခုခု လာဝယ်တာ။ဆိုပါတော့။ Laptop လာဝယ်တာလို့ ပြောချင်ရင်။
I’m looking for a laptop. လို့ပြောနိုင်ပါတယ်။

Can I have a laptop? လို့လည်း မေးနိုင်ပါတယ်။

Have you got any laptop လို့လည်း မေးနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်ပါတယ်။              “ ရှိလား။ မရှိဘူးလား” မေးချင်ရင် Do you have ထက်စာရင် Have you got ကို ပို အသုံးများပါတယ်။ Do you have any sister? ထက်စာရင် Have you got any sister? ဆိုပြီး ပိုသုံးတက်ကြပါတယ်။ တနည်းအားဖြင့် Do you have အစား Have you got ကို ပိုသုံးကြပါတယ်။

ကိုယ့်ကို Staff တစ်ယောက် Laptop တစ်လုံးကို ပြတယ်။ Laptop က အဖြူဖြစ်နေလို့ ကိုယ့်အကြောင်းလည်းကိုယ်သိလို့ အမည်းရောင် ရှိလားလို့ မေးချင်တယ်ဆိုရင်

“Have you got this one in black color? ဆိုပြီး မေးနိုင်ပါတယ်။ this one ဆိုတာက Laptop ကို ဘဲရည်ညွှန်းတာပါ။

ပြီးရင် ကိုယ်က ဒီ Laptot ကိုဘဲ Size ကြီးကြီးနဲ့ရမလားမေးချင်ရင်

“Have you got this one in larger size?” ဆိုပြီးမေးနိုင်ပါတယ်။ပိုသေးတာကိုလိုချင်ရင်တော့ larger size မှာ Smaller size နဲ့ အစားထိုးပြီး ပြောနိုင်ပါတယ်။

ဒါဘယ်လောက်ကျသလဲ မေးချင်ရင်
“How much does it cost?/How much is it?” ဆိုပြီး မေးနိုင်ပါတယ်။

ကိုယ်က ပစ္စည်းတစ်ခုရဲ့ အလုပ်လုပ်ပုံကို သိချင်ရင်
“What’s is this for?”

ကိုယ်က ပစ္စည်း ကြိုက်တယ်။ဒါပေမယ့် မြန်မာလူမျိုးပီပီ ဈေးဆစ်ချင်တယ်ဆိုပါတော့။ ပြောရမှာက
“Could you reduce the price?”
ဆိုပြီး ပြောနိုင်ပါတယ်။

ယူမယ်လို့ပြောချင်ရင် “I’ll buy it” လို့ မပြောရပါဘူး။ I will take it လို့ ဘဲ ပြောရပါမယ်။
မယူဘူးလို့ပြောချင်ရင်လည်း “I’ll not buy it” လို့ မပြောရပါဘူး။ I will leave it လို့ပြောရပါမယ်။

ယူမယ်။ ထည့်ပေးပါလို့ပြောချင်ရင်။
“I will take it.Please wrap it up for me?” လို့ပြောနိုင်ပါတယ်။

ကိုယ်က အ၀တ်အစား၊လက်ဝတ်ရတနာ ၀ယ်တယ်ဆိုပါတော့။စမ်းဝတ်ကြည့်လို့ရမလား မေးချင်ရင်
“Can I try this on?” ဆိုပြီးမေးနိုင်ပါတယ်။

အ၀တ်စားလဲခန်းကိုတော့ Changing Room လို့ခေါ်ပါတယ်။

အ၀တ်စားလဲခန်း ဘယ်မှာလဲလို့ မေးချင်ရင်
“Where’s the changing room?” လို့မေးနိုင်ပါတယ်။တခါတလေကျရင်တော့ Fitting room လို့လည်းသုံးတက်ပါသေးတယ်။

ဝတ်ကြည့်လို့ မတော်ဘူးလို့ပြောချင်ရင်။ “It doesn’t fit.” လို့ပြောနိုင်ပါတယ်။ ကျပ်လွန်းတယ်ဆိုရင် “It’s too tight”, ချောင်လွန်းတယ်ဆိုရင် “It’s too loose” ဆိုပြီး ပြောနိုင်ပါတယ်။

အားလုံးပြီးလို့ ဘယ်လောက်ကျသလဲ မေးချင်ရင်
“How much do I owe you?” ဆိုပြီး မေးနိုင်ပါတယ်။ (owe ဆိုတာက အကြွေးတင်တာကို ပြောတာပါ။ ဒီမှာတော့ ဘယ်လောက်ပေးရမလဲ ပုံစံနဲ့သုံးထားတာပါ။)

ဒီမှာတော့ မဟုတ်ပါဘူး။ နိုင်ငံခြားမှာဆိုရင် “How would you like to pay?” ဆိုပြီး မေးနိုင်ပါတယ်။ ဆိုတာက ငွေသားနဲ့ ရှင်းမှာလား။ Credit Card နဲ့ ရှင်းမှာလားလို့ပါ။

Cash နဲ့ ရှင်းမယ်ဆိုရင်
I will pay in cash.

Credit card နဲ့ ရှင်းမယ်ဆိုရင်
I will pay by credit card. ဒီမှာ သတိပြုရမှာက I will pay in credit card ဆိုပြီး မသုံးတာကိုပါ။

အကြွေးရောင်းလားဆိုတာကို မေးချင်ရင်
Do you sell goods on credit? ဆိုပြီးမေးနိုင်ပါတယ်။

ဆိုင်မှာ ကိုယ်က ၀န်ထမ်းဆိုရင်

ဘာကူညီရမလဲ/ဘာရှာနေပါသလဲဆိုတာကို မေးချင်ရင်
“Do you need any help?What are you looking for?”

ကိုယ်က Customer ကို ပစ္စည်းဝယ်အောင် ဒီ အ၀တ်မင်းနဲ့ လိုက်ပါတယ်လို့ ပြောချင်ရင်
That looks good on you.

အမည်းရောင်က မင်းနဲ့လိုက်တယ်လို့ပြောချင်ရင်
Black suits your complexion. (အမည်းရောင်က မင်းအသားရောင်နဲ့ လိုက်တယ်)

Customer ကို  အကြွေ နဲ့ ဖြတ်ပိုင်းပေးရင်း ပြောရမှာက
“Here’s your change and your receipt” လို့ပြောနိုင်ပါတယ်။

Customer က Foreigner ဖြစ်နေတယ်။ ကိုယ်က Service တစ်ခု လုပ်ပြီးလို့ သူ့ကို Voucher ကို ပေးပြီး ငွေတောင်းချင်ရင်

“Please check the amount and sign here” ဆိုပြီး Voucher စာရွက်ကို ပေးနိုင်ပါတယ်။ voucher မှာပါတဲ့ ပိုက်ဆံ ပမာဏကိုကြည့်ပြီး Sign ထိုးပေးပါလို့ပြောတာပါ။ Foreigner က သူ ပိုက်ဆံပေးရမှာဆိုတာကို ဒါပြောလိုက်တာနဲ့ သိမှာပါ။ voucher ကို ကြည့်ပြီး ဘယ်လောက်ပေးရမလဲဆိုတာ သိမှာပါ။

Customer က ဈေးဆစ်တယ်ဆိုရင် ပြောရမှာက
Please don’t bargain လို့ ပြောနိုင်ပါတယ်။ ဈေးမဆစ်ပါနဲ့ပေါ့။

Customer က အကြွေးပေးပါလို့ပြောလာရင်
“We don’t give credit” လို့ပြောနိုင်ပါတယ်။ ဆိုတာက “ကျွန်တော်တို့ အကြွေးပေးလို့ မရပါဘူးလို့” ပြောတာပါ။

Customer တစ်ယောက်က ပစ္စည်းတစ်ခုကို မေးတယ်။ အဲ့ဒီ ပစ္စည်းက ကုန်နေတယ်လို့ ပြောချင်ရင်
“We are out of it” ဆိုပြီး ပြောနိုင်ပါတယ်။ “It is out of stock” ဆိုပြီးလည်း ပြောနိုင်ပါတယ်။

Customer က တစ်ခုခု ရှိလားလို့မေးတယ်။ အဲ့ဒီ ပစ္စည်းကို ကြည့်ပေးမယ်လို့ပြောချင်ရင်
“Just a moment,I will have a look?” ခဏစောင့်ပါ။ ကြည့်ပေးပါ့မယ်။

Customer က Changing Room ထဲက ထွက်လာရင် အ၀တ်တော်မတော်မေးချင်ရင်
“Does it fit?”

ဒီမှာပါ လို့ပြောချင်ရင် “ Here you are”

ဒါ ၁၀၀ ကျပါတယ်လို့ပြောချင်ရင် >It’s 100 kyats.

အားလုံးပေါင်း ၂၀၀ ကျပါတယ်လို့ပြောချင်ရင်>That’s 200 kyat altogether. လို့ပြောနိုင်ပါတယ်။ altogether က အားလုံးပေါင်းကို ပြောတာပါ။

 အဆင်ပြေနိုင်ကြပါစေ နေသွေးမြန်မာ