ဆိုင်ဝန်ထမ်းက “ Do you need any
help?”, “How can I help you?”,”Can I give you a hand”,”What can I do for
you” စသဖြင့် မေးလာနိုင်ပါတယ်။
ကိုယ်က ၀ယ်ဖို့ မဟုတ်ဘူး။ ကြည့်ရုံဘဲလာတာဆိုရင် “I’m just looking” လို့ ပြန်ဖြေနိုင်ပါတယ်။
ဒါမှမဟုတ် ပစ္စည်းတစ်ခုခု လာဝယ်တာ။ဆိုပါတော့။ Laptop လာဝယ်တာလို့ ပြောချင်ရင်။ I’m looking for a laptop. လို့ပြောနိုင်ပါတယ်။
Can I have a laptop? လို့လည်း မေးနိုင်ပါတယ်။
Have you got any laptop လို့လည်း မေးနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်
တစ်ခုပြောချင်ပါတယ်။ “ ရှိလား။ မရှိဘူးလား” မေးချင်ရင် Do you
have ထက်စာရင် Have you got ကို ပို အသုံးများပါတယ်။ Do you have any
sister? ထက်စာရင် Have you got any sister? ဆိုပြီး ပိုသုံးတက်ကြပါတယ်။
တနည်းအားဖြင့် Do you have အစား Have you got ကို ပိုသုံးကြပါတယ်။
“Have you got this one in larger size?”
ဆိုပြီးမေးနိုင်ပါတယ်။ပိုသေးတာကိုလိုချင်ရင်တော့ larger size မှာ Smaller
size နဲ့ အစားထိုးပြီး ပြောနိုင်ပါတယ်။
ဒါဘယ်လောက်ကျသလဲ မေးချင်ရင် “How much does it cost?/How much is it?” ဆိုပြီး မေးနိုင်ပါတယ်။
ကိုယ်က ပစ္စည်းတစ်ခုရဲ့ အလုပ်လုပ်ပုံကို သိချင်ရင် “What’s is this for?”
ကိုယ်က ပစ္စည်း ကြိုက်တယ်။ဒါပေမယ့် မြန်မာလူမျိုးပီပီ ဈေးဆစ်ချင်တယ်ဆိုပါတော့။ ပြောရမှာက “Could you reduce the price?” ဆိုပြီး ပြောနိုင်ပါတယ်။
ယူမယ်လို့ပြောချင်ရင် “I’ll buy it” လို့ မပြောရပါဘူး။ I will take it လို့ ဘဲ ပြောရပါမယ်။ မယူဘူးလို့ပြောချင်ရင်လည်း “I’ll not buy it” လို့ မပြောရပါဘူး။ I will leave it လို့ပြောရပါမယ်။
ယူမယ်။ ထည့်ပေးပါလို့ပြောချင်ရင်။ “I will take it.Please wrap it up for me?” လို့ပြောနိုင်ပါတယ်။
ကိုယ်က အ၀တ်အစား၊လက်ဝတ်ရတနာ ၀ယ်တယ်ဆိုပါတော့။စမ်းဝတ်ကြည့်လို့ရမလား မေးချင်ရင် “Can I try this on?” ဆိုပြီးမေးနိုင်ပါတယ်။
ဝတ်ကြည့်လို့ မတော်ဘူးလို့ပြောချင်ရင်။ “It doesn’t fit.”
လို့ပြောနိုင်ပါတယ်။ ကျပ်လွန်းတယ်ဆိုရင် “It’s too tight”,
ချောင်လွန်းတယ်ဆိုရင် “It’s too loose” ဆိုပြီး ပြောနိုင်ပါတယ်။
အားလုံးပြီးလို့ ဘယ်လောက်ကျသလဲ မေးချင်ရင်
“How much do I owe you?” ဆိုပြီး မေးနိုင်ပါတယ်။ (owe ဆိုတာက
အကြွေးတင်တာကို ပြောတာပါ။ ဒီမှာတော့ ဘယ်လောက်ပေးရမလဲ ပုံစံနဲ့သုံးထားတာပါ။)
ဒီမှာတော့ မဟုတ်ပါဘူး။ နိုင်ငံခြားမှာဆိုရင် “How would you like to
pay?” ဆိုပြီး မေးနိုင်ပါတယ်။ ဆိုတာက ငွေသားနဲ့ ရှင်းမှာလား။ Credit Card
နဲ့ ရှင်းမှာလားလို့ပါ။
Cash နဲ့ ရှင်းမယ်ဆိုရင် I will pay in cash.
Credit card နဲ့ ရှင်းမယ်ဆိုရင် I will pay by credit card. ဒီမှာ သတိပြုရမှာက I will pay in credit card ဆိုပြီး မသုံးတာကိုပါ။
အကြွေးရောင်းလားဆိုတာကို မေးချင်ရင် Do you sell goods on credit? ဆိုပြီးမေးနိုင်ပါတယ်။
ဆိုင်မှာ ကိုယ်က ၀န်ထမ်းဆိုရင်
ဘာကူညီရမလဲ/ဘာရှာနေပါသလဲဆိုတာကို မေးချင်ရင် “Do you need any help?What are you looking for?”
ကိုယ်က Customer ကို ပစ္စည်းဝယ်အောင် ဒီ အ၀တ်မင်းနဲ့ လိုက်ပါတယ်လို့ ပြောချင်ရင် That looks good on you.
အမည်းရောင်က မင်းနဲ့လိုက်တယ်လို့ပြောချင်ရင် Black suits your complexion. (အမည်းရောင်က မင်းအသားရောင်နဲ့ လိုက်တယ်)
Customer ကို အကြွေ နဲ့ ဖြတ်ပိုင်းပေးရင်း ပြောရမှာက “Here’s your change and your receipt” လို့ပြောနိုင်ပါတယ်။
Customer တစ်ယောက်က ပစ္စည်းတစ်ခုကို မေးတယ်။ အဲ့ဒီ ပစ္စည်းက ကုန်နေတယ်လို့ ပြောချင်ရင် “We are out of it” ဆိုပြီး ပြောနိုင်ပါတယ်။ “It is out of stock” ဆိုပြီးလည်း ပြောနိုင်ပါတယ်။
Customer က တစ်ခုခု ရှိလားလို့မေးတယ်။ အဲ့ဒီ ပစ္စည်းကို ကြည့်ပေးမယ်လို့ပြောချင်ရင် “Just a moment,I will have a look?” ခဏစောင့်ပါ။ ကြည့်ပေးပါ့မယ်။
Customer က Changing Room ထဲက ထွက်လာရင် အ၀တ်တော်မတော်မေးချင်ရင် “Does it fit?”
No comments:
Post a Comment