The rain has come - မိုးကျပြီ
The rain has come. မိုးကျပြီ။ Monsoon has brought rain to all parts of Myanmar. မုတ်သုန်လေက မြန်ပြည်တစ်ခွင် မိုးပုလဲပန်းတို့ ကျဲဖြန်းဖို့ဆောင်ယူလာသည်။ တစ်နွေလုံးပူလောင်ခဲ့သမျှ မိုးကြောင့်အေးမြရသည်။ When the grass dry မြက်တွေခြောက်သည့်အခါ၊ the trees have lost their leaves သစ်ပင်တို့ရိုးတံ ပြိုင်းပြိုင်းဖြစ်သည့်အခါ၊ the fields are parched, လယ်ကွင်းတို့ပတ်ကြားအက်သည့်အခါ သူသူငါငါ မိုးမျှော်ကြသည်။ လယ်သမားတွေက We could do with some rain. ဟုညည်းလေ့ရှိသည်။ သည်လိုနှင့် မုတ်သုန်နှင့်အတူ မိုးခြိမ်းသံ၊ တိမ်ညို့ညို့မှိုင်းမှိုင်းတို့ကို မြင် ရကြားရသည်က မိုးမျှော်ကြသူတို့အတွက် ဘ၀င်နှစ်ခြိုက်စရာ။ လွန်ဆွဲပွဲ tug of war လုပ်စရာမလိုတော့။
မိုးရာသီသည် နှင့်အတူကျောင်းတို့လည်း ပြန်လည်ဖွင့်ချေပြီ။ ကလေးငယ်တို့ ကျောင်းပြန်တက်ကြသည့် back to school ရာသီဖြစ်သည်။ အင်္ဂလန်တွင်တော့ spring သည်မိုးရာသီဖြစ်သည်။ ကောင်းကင်တွင် တိမ်မရှိသည့်နေ့မရှိ။ The sky is never without a cloud အမြဲတမ်း တိမ်ထူသည့် cloudy days တွေသာဟုသိရသည်။ အေပရယ်လလောက်မှ shower တစ်ပြိုက်နှစ်ပြိုက် ရွာသည်မှစ၍ မေ၊ ဂျွန် လတွေလောက်အထိ ဆက်သွားသည်။ မြန်မာနိုင်ငံတွင်တော့ ကဆုန်လလယ်ခန့်မစ၍ ၀ါခေါင်တော်သလင်းအထိ မိုးတာရှည်သည်။ တစ်ခါတစ်ရံ it pours သွန်ချသလို It rains cats and dogs./ သဲကြီးမဲကြီးရွာချတတ်သည်။ If you are caught by a driving (or pelting) rain, သဲသဲမဲမဲရွာသွန်းဖြိုးသည့် မိုးမိပြီဆိုမှဖြင့် you'll be wet through, drenched (or soaked)to skin, တစ်ကိုယ်လုံးရွှဲရွှဲစိုမည်။ your clothes will be dripping အ၀တ်အစားတွေရေစက်စက်နှင့် ကြွက်စုတ်ကလေးဖြစ်မည်။ တစ်ခါတစ်လေ It looks like rain မိုးရွာမည့်အရိပ်အယောင်မြင်ရင် We'd better run for it. ပြေးမှဖြစ်မယ်။ ခိုစရာရှာရမယ်။
ပိုအေးသည့်ဒေသများတွင်တော့ မိုးနှင့်အတူ it hails မိုးသီးကြွေတတ်သည်။ Hail-stones ကြီးမားသည့်မိုးသီးများသည် လူနှင့်တိရစ္ဆာန်များကိုအန္တရာယ်ပြုနိုင်သည်။ ငယ်ငယ်တုန်းက “နေပူမိုးရွာသူခိုးလာ ” ဟုအော်ဆိုခဲ့ဖူးသည့် When there is a shower and sunshine at the same time, နေပူခြင်း မိုးရွာခြင်းတစ်ပြိုင်တည်း ဖြစ်သည့်အခါ a rainbow appears in the sky. ကောင်းကင်တွင် သက်တန့်ပေါ်သည်ကိုကြည်နူးစရာတွေ့မြင်နိုင်သည်။
မိုးရာသီက ကောင်းခြင်းတွေကိုသာဆောင်ကျဉ်းလာသည်မဟုတ်။ လူသားတို့အတွက်အန္တရယ် တို့ကိုလည်းယူဆောင်လာသည်။ In equatorial countries like Myanmar, မြန်မာကဲ့သို့ အီကွေတာရပ်ဝန်းကနိုင်ငံတွေမှာ the rainy season often causes much damage to crops, life and property. မိုးရာသီဟာ ကောက်ပဲသီးနှံနှင့် လူသားတွေ၏အသက်အိုးအိမ် စည်းစိမ်တွေကိုပျက်စီးစေတတ်တယ်။ နှစ်စဉ်နှစ်တိုင်း struck by lightning မိုးကြိုးပြစ်ခံရ၍သေဆုံးသူမှာမနည်းလှချေ။ disastrous cyclone Nargis နာဂစ်မုန်တိုင်းဘေးဆိုးကြီးက မြန်မာပြည်ရှိလူထုကို သဘ၀ဘေးအန္တရာယ်ကိုကြောက်တတ် အောင်သင်ပေးလိုက်သည်။ ဒါကြောင့်မလို့အခုဆိုလျှင် ပြည်သူတို့ Much attention is given to the weather forecasts. မိုးလေ၀သခန့်မှန်းကြေငြာချက်တွေကို ဂရုပြုလာခဲ့ကြပြီ။ ဘုရားကျောင်းတွေရဲ့ထိပ်မှာ weathercock လေညွှန်တံလေးတွေရှိတယ်။ လေရဲ့လားရာလမ်းကြောင်းကိုသိနိုင်တယ်။ barometer လေဖိအားတိုင်းတဲ့ကိရိယာလေးကို ကြည့်ရင် ရာသီဥတုအခြေအနေကိုသိနိုင်တယ်။ If it is raising အပေါ်တက်နေမယ်ဆိုရင် သာယာတဲ့ရာသီဥတုကိုမျှော်မှန်းနိုင်ပြီး If it is falling ကျနေပြီဆိုရင် မိုးရွာနိုင်တယ်။
မိုးဆိုတာကလည်း စိုင်းထီးဆိုင်သီချင်းထဲကလို “ရွာမလိုလိုလာမလိုလိုနဲ့ + + + လေယူရာပါသွားတဲ့မိုးတိမ်လို”ခန့်မှန်းရခက်တာကလား။ ဒါကြောင့် သွားလေရာ take your umbrella ထီးယူသွားရတယ်။ ဒါပေမယ့်လည်း It's bucketing down. တကယ်တန်း သည်းသည်းထန်ထန်ရွာရင်တော့ My umbrella was useless today ပဲပေါ့။ It is better to wear a raincoat. မိုးကာအင်္ကျီနဲ့မှအလုပ်ဖြစ်မယ်နဲ့တူတယ်။ မနက်အလုပ်သွားကာနီး မိုးတွေရွာနေပြီဆိုရင်တော့ မထချင်ထချင်နဲ့မနည်းထရတယ်။ အလုပ်နောက်ကျတတ်တဲ့သူတွေအတွေက် There's flood everywhere. ရေတွေလျှံနေလို့ဆိုတာ အကြောင်းပြချက်ကောင်းပေါ့ ။ It's been raining all day. တစ်နေကုန်မိုးရွာနေရင်တော့ လည်း Nice weather for ducks လို့သာညည်းချင်မိတော့တယ်။
rain နဲ့ပါတ်သက်တဲ့ idioms တစ်ချို့ကိုလည်းလေ့လာကြည့်ပါဦး။
rain check လုပ်သည်တဲ့။ တစ်ယောက်ယောက်က ဖိတ်ကြားတာကို သွားချင်လုပ်ချင်ပါလျက်မလုပ်နိုင်လို့ နောက်တစ်ကြိမ်ပေါ့ဟူသည့် အဓိပ္ပါယ်နှင့် ငြင်းဆိုလျှင် I'll take a rain check on that drink tonight, if that's all right. ဟုပြောကြသည်။
come in out of the rain အဖြစ်မှန်တစ်ခုကိုသိလာသည်။
Hey, man! Come in out of the rain! Don't you see that your boss is taking advantage of you!
come rain or shine နေပူပူမိုးရွာရွာ
Don't worry. I'll be there come rain or shine. We'll hold the picnic—rain or shine
It never rains but it pours. ပြဿနာသည်တစ်ခုတည်းဘယ်တော့မှမလာ။ စုပြုံလာတတ်သည်။
not know enough to come in out of the rain မိုက်မဲသူ။ ထုံထိုင်းသူ
Bob is so stupid he doesn't know enough to come in out of the rain.
rain on somebody's parade သူတပါးအကြံအစည်ကိုဖျက်သည်။
I'm sorry to rain on your parade, but you're not allowed to have alcohol on the premises.
Read more: The rain has come. - မိုးကျပြီ။
No comments:
Post a Comment