1. 1. နေ့စဉ်သုံး English Dictionary & Myanmar Definitions

Wednesday, October 2, 2013

ကောင်မလေးတို့စကားဝိုင်း 

ယခင်တစ်ပတ်က ကောင်လေးတို့စကားဝိုင်းအကြောင်းရေးသားခဲ့ပါတယ်။ ဒီတော့ကောင်မလေးတွေက လည်းသူတို့ပြောလေ့ရှိတဲ့အကြောင်းလေးတွေ သိချင်မှာပဲ။ ကောင်မလေးတို့ စကားဝိုင်း ဟာကောင်လေးတွေနဲ့တော့ အကြောင်းအရာသိပ်မတူကြဘူး။ ကေင်လေးတွေက ကောင်မလေးတွေ အကြောင်းပြောလေ့ရှိပေမယ့် ကောင်မလေးတွေကတော့ သူတို့ရဲ့ကိုယ်ခန္ဓာနဲ့ အသွင်အပြင်အလှအပနဲ့ ပတ်သက်တာပိုပြောလေ့ရှိမယ်။ ကောင်မလေးတွေက ယောက်ျားလေးတွေအကြောင်းပြောတတ်ပေမယ့် ပြောတဲ့အကြောင်းအရာတွေက ကိုယ်ရည်ကိုယ်သွေး၊ အလုပ်အကိုင်၊ အဆင့်အတန်း စတဲ့ရုပ်ဆင်းအင်္ဂါ နဲ့ သိပ်မပတ်သက်လှတဲ့အကြောင်းအရာတွေဖြစ်နေလေ့ရှိတယ်။ ဒါကြောင့်ဒီသင်ခန်းစာမှာတော့ ယောက်ျားလေးတွေရဲ့ အဆင်းနဲ့အချင်း နှစ်ခုအကြောင်း မိန်းကလေးတွေပြောလေ့ရှိတာမျိုးတွေ လေ့လာသွားကြပါမယ်။ "What do you look for in a guy?" ယောက်ျားလေးတစ်ယောက်မှာဘယ်အချက်တွေကိုလိုချင်လဲ။ "What kind of person do you want to meet?" ဘယ်လိုလူမျိုးနဲ့ဆုံချင်လဲ။ "What type of person do you want to marry?" ဘယ်လိုလူမျိုးနဲ့လက်ထပ်ချင်လဲ။ "Who is your ideal type?" မင်းရဲ့အလိုချင်ဆုံးပုံစံကဘယ်လိုလူမျိုးလဲ။ "How important is looks to you?" ရုပ်ရည်ကမင်းအတွက်ဘယ်လောက်အရေးကြီးလဲ။ "Do you think physical appearance is important?" ခန္ဓာကိုယ်အသွယ်အပြင်ကအရေးကြီးတယ်ထင်လား။ "What is the first thing you look for in a guy?" ယောက်ျားလေးတစ်ယောက်ကို ပထမဦးဆုံးမင်းကြည့်တဲ့အချက်ကဘာလဲ။ ဒီလိုမေးခွန်းတွေအတွက်အဖြေတွေကတော့ "I'm looking for a guy who will treat me well." ငါ့ကိုကြင်ကြင်နာနာဆက်ဆံမယ့်လူပဲလိုချင်တယ်။ "I want a guy who is romantic." ငါကတော့ နုနုရွရွ စိတ်ကူးယဉ်ဆန်တဲ့လူမျိုးကိုလိုချင်တယ်။ "I want to meet a guy who is rich." ငါကတော့ ချမ်းသာတဲ့လူတစ်ယောက်နဲ့တွေ့ချင်တယ်။ "I want a type of person that will respect me." ငါ့ကိုလေးစားတန်ဖိုးထားတဲ့လူမျိုးကိုလိုချင်တယ်။ "I want someone responsible. He should be able to take care of the family both emotionally and financially." ငါကတော့ တာဝန်ယူတတ်တဲ့လူမျိုးလိုချင်တယ်။ သူ့မိသားစုကို စိတ်ပိုင်းဆိုင်ရာရော ငွေကြေးအရာရောတာဝန်ယူနိုင်ဖို့လိုတယ်။ "I want a down to earth type of guy." ငါကတော့ လက်တွေကျတာ (ရိုးရိုးအေးအေးကြီး)ပဲကြိုက်တယ်။ "My ideal type is a guy who is smart and sensitive." ငါ့စိတ်ကူးထဲကပုံစံကတော့ ထက်မြက်ပြီး စာနာနားလည်တတ်တဲ့ယောက်ျားတစ်ယောက်မျိုးပဲ။ "Looks are not that important to me." ငါ့အတွက်တော့ ရုပ်ရည်ကသိပ်အရေးမပါဘူး။ "The guy needs to be good looking to have a chance with me." ငါနဲ့ဖူးစာဆုံမယ်ဆိုရင် သူက ကြည့်ကောင်းမှဖြစ်မယ်။ "The first thing I look for in a guy is looks." ပမဦးဆုံးငါကြည့်တဲ့အချက်ကတော့ ရုပ်ရည်ပဲ။ မိန်းကလေးတွေလည်းယောက်ျားလေးတွေရဲ့ ရုပ်ရည် ကိုယ်လုံးကိုယ်ပေါက်နဲ့ပတ်သက်ပြီးအချင်းချင်း ပြောတတ်ကြပါသေးတယ်။ ထူးခြားချက်ကတော့ သူတို့ဟာအရပ်အမြင့်နဲ့ပတ်သက်ပြီးအာရုံစိုက်တတ် ကြတယ်။ ၀ါကျတစ်ချို့လေ့လာကြည့်ကြပါစို့။ "I want a tall guy." ငါကတော့အရပ်ရှည်တဲ့လူ လိုချင်တယ်။ "I have always been attracted to tall guys." ထောင်ထောင်မောင်းမောင်းယောက်ျားမျိုးတွေကိုစိတ်ဝင်စားတယ်။ "I don't like short guys." ဂျပုတွေကိုတော့ မကြိုက်ဘူး။ "I'm not attracted to short guys." အရပ်ပုတဲ့ယောက်ျားတွေကိုစိတ်မ၀င်စားဘူး။ "I like a guy with a cute face." ခပ်ချောချောချစ်စရာမျက်နှာနဲ့ကောင်လေးမျိုးကြိုက်တယ်။ "I want a guy that works out." လေ့ကျင့်ခန်းလုပ်တဲ့လူမျိုးကြိုက်တယ်။ ယောက်ျားလေးတွေနဲ့ပတ်သက်တဲ့မိန်းကလေးတို့ရဲ့မှတ်ချက်တစ်ချို့ဖြစ်ပါတယ်။ "He is so cute." ချစ်စရာလေး။ မိန်းကလေးအတော်များများဟာ cute ဆိုတဲ့စကားလုံးကိုသုံးတတ်ကြပါတယ်။ cute ရဲ့အဓိပ္ပါယ်ရင်းက ချစ်စရာကောင်းသော လို့ဆိုတော့ ကလေးလေးလိုချစ်စရာကောင်းတယ်လို့တော့ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ဆိုလိုချင်တာက“ ကြည့်ကောင်းတယ် ”လို့ပါပဲ။ "He is very handsome." "He's so handsome." သူကအရမ်းချောတာပဲ။ "He is good looking." သူကကြည့်ကောင်းတယ်။ "He is tall with dark hair and brown eyes." သူက အရပ်ရှည်ရှည် ဆံပင်နက်နက် မျက်လုံးညိုတွေနဲ့ပေါ့။ ကဲ ဒါတွေကတော့ အနောက်တိုင်းက မိန်းကလေးတွေဆုံတဲ့အခါ ပြောလေ့ပြောထရှိတဲ့ယောက်ျား လေးတို့အကြောင်းပေါ့။ သူတို့က အလှအပအသုံးအဆောင်ပစ္စည်း နဲ့တခြားမိန်းကလေးတွေ အကြောင်းလည်းပြောတတ်တယ်တဲ့။ ကဲ ကျွန်တော်တို့မြန်မာပြည်ကမိန်းကလေးတွေကော အတူတူပါပဲလား။ ဖြည့်စွက်ချင်တာတွေ ကန့်ကွက်ချင်တာတွေများရှိကြဦးမလား ။

No comments:

Post a Comment