ကောင်လေးတို့စကားဝိုင်း
ကောင်လေးတို့စကားဝိုင်း
ကောင်လေးတို့ဆုံမိလျှင် ဘာအကြောင်းတွေပြောလေ့ရှိပါသလဲ။ ဂိမ်းအကြောင်းလား၊ နိုင်ငံရေးအကြောင်းလား၊ သူတို့နှစ်သက်ရာ ဂီတရုပ်ရှင်တွေအကြောင်းလား။ သေချာတာကတော့ မိန်းကလေးချောချောလေးတွေအကြောင်း မပါမဖြစ်နေမှာပါ။ သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်ထိုင်နေရင်း ကောင်မလေးအမိုက်စားလေးတစ်ယောက်ဖြတ်သွားလို့များတော့
မျက်လုံးလေးတွေအငေးသားနဲ့သူ့အကြောင်းတစ်ယောက်တစ်ပေါက်ပြောကြမှာမလွဲပါဘူး။
"Damn. Did you see that girl?" သေစမ်း။ မင်းဟိုကောင်မလေးကိုတွေ့လိုက်လား။
"Wow. She was hot." ဟာ . . . လန်းတယ်ကွာ။
"Yo yo. Check her out. Over there by the payphone." ရို့ရို့ . . . ဟိုမှာကြည့်လိုက်စမ်း။ ဟိုမှာ ဖုန်းရုံဘေးနားမှာ။
"Look at her cleavage. She's showing half her breasts."
"Her legs are so fine." ခြေတံလေးတွေလှလိုက်တာ။ (သွယ်လျနေတယ်)
"Oh my gosh. A girl of that caliber only comes around once a year." အလိုလေးလေး။ ဒီလိုကောင်မလေး(အမိုက်စား)မျိုးက တစ်နှစ်မှတစ်ခါလာတတ်တာ။
ဒီလိုပြောသံလေးတွေလည်းဆူညံထွက်လာတော့တာပဲပေါ့။
Caliber ကို urban dictionary က ဒီလိုအဓိပ္ပါယ်ဖွင့်ထားတယ်။ Excelling in charm, incredibly good looking, Perfection.
Caliber is a synonym for magnitude.
Hot is commonly used to describe a girl who is very sexy.
Cleavage is the space between the breasts.
တစ်ခါတစ်လေမှာ သူငယ်ချင်းတွေကို ကိုယ်မြင်ခဲ့တဲ့ကောင်မလေးတစ်ယောက်အကြောင်း ဖောက်သည်ချချင်တယ်။
"I saw this girl at the bus station an hour ago. She was the sexiest thing I have ever seen."
ဒီကောင်မလေးကိုငါခုန တစ်နာရီလောက်တုန်းက ကားမှတ်တိုင်မှာတွေ့ခဲ့တာ။ ငါတွေ့ဖူးသမျှထဲမှာတော့ ဆွဲဆောင်မှုအရှိဆုံးအရာလေးပဲဟေ့။
"I was shopping at the mall, and I saw this girl in tight jeans. She was hot. I was drooling just looking at her."
ငါကုန်တိုက်ထဲမှာဈေးဝယ်နေတုန်းလေ။ အဲဒီကောင်မလေးက ဂျင်းဘောင်းဘီအကျပ်နဲ့ကွ။ လုံးဝလန်းတယ်။ ကြည့်ရုံနဲ့တင်သွားရည်ကျတယ်ကွာ။
"I went to the bookstore and a girl was leaning over to pick up a book. I saw half her breasts and they were tight."
စာအုပ်ဆိုင်သွားတုန်းက ကောင်မလေးတစ်ယောက် စာအုပ်ကုန်းကောက်လိုက်တာ × × × × × ×
I'm married and all, but I couldn't help looking at her."
ငါအိမ်ထောင်နဲ့ပါ။ ဒါပေမယ့် သူ့ကို မကြည့်ဘဲကိုမနေနိုင်ဘူး။
“အဖိုးမဖြတ်နိုင်တာအဖွား” ဆိုတဲ့ဟာသလို ယောက်ျားလေးတွေကိုအဆွဲဆောင်နိုင်ဆုံးအရာကလည်း မိန်းကလေးတွေပဲပေါ့။ အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်က စိတ်ပညာပါမောက္ခ Dr. Terri D. Fisher ရဲ့သုတေသနအရ ယောက်ျားလေးတွေဟာ တစ်နာရီကို တစ်ကြိမ် (သို့)နှစ်ကြိမ်လောက် sex, food, sleep အကြောင်းစိတ်ရောက်ပါတယ်တဲ့။ ဒီတော့လည်း မိန်းကလေးတွေရဲ့ညှို့ငင်နိုင်တဲ့မွေးရာပါပိုင်ဆိုင်မှုဟာ သူမတို့ရဲ့ခန္ဓာကိုယ်အလှဆိုတာမဆန်းဘူးပေါ့။ မိမိကြိုက်တဲ့မိန်းကလေးတစ်ယောက်ရဲ့ပုံစံကို ဒီလိုမျိုးတွေပြောနိုင်တယ်။
"I like a girl with a lot of curves."
ငါတော့ကောက်ကြောင်းလေးတွေနဲ့ကောင်မလေးမျိုးကိုသဘောကျတယ်။ (ဂစ်တာရှိတ်မျိုး)
"I like all girls with a great body."
ငါတော့ ကိုယ်လုံးလှတဲ့ကောင်မလေးတွေကိုကြိုက်တယ်။
"I like skinny girls."
ငါတော့ ပိန်ပိန်သွယ်သွယ်လေးတွေကိုကြိုက်တယ်။
"I like a girl with smooth skin."
ငါတော့ အသားအရေချောမွေ့တဲ့မိန်းကလေးမျိုးကိုကြိုက်တယ်။
"Since I'm pretty tall, I want a tall skinny girl."
ငါကအရပ်တော်တော်ရှည်တော့ အရပ်ရှည်ရှည်ပိန်ပိန်သွယ်သွယ်ကောင်မလေးပဲလိုချင်တယ်။
"I like a girl who likes to have fun."
ငါတော့ ပျော်ပျော်နေတတ်တဲ့မိန်းကလေးမျိုးကိုကြိုက်တယ်။
"I like girls who are smart. I can't stand airheads."
ငါတော့ ထက်ထက်မြက်မြက်မိန်းကလေးမျိုးကိုကြိုက်တယ်။
"I like all pretty girls."
ငါကတော့ လှတဲ့မိန်းကလေးအကုန်လုံးကိုကြိုက်တယ်။
"I like obedient girls."
ငါက နာခံတတ်တဲ့ကောင်မလေးမျိုးကြိုက်တယ်။
"The most important trait for me is wisdom. I want a girl who is wise."
ငါ့အတွက်အရေးအကြီးဆုံးကတော့ ဥာဏ်ပညာပဲ။ စဉ်းစားချင့်ချိန်နိုင်တဲ့မိန်းကလေးပဲကြိုက်တယ်။
"It's important that the girl is smart and intelligent."
ဥာဏ်လည်းကောင်းရမယ်ထက်ထက်မြက်မြက်လည်းရှိရမယ်။
"I want a girl who is going to take care of me."
ငါတော့ ကိုယ့်ကိုယ်ဂရုစိုက်မယ့်မိန်းကလေးပဲလိုချင်တယ်။
"I like athletic girls because I like to play sports."
ငါကအားကစားသန်တဲ့မိန်းကလေးမျိုးကြိုက်တယ်။ ငါကအားကစားလုပ်ရတာကြိုက်တယ်လေ။
ကိုယ်မလိုချင်တဲ့ပုံစံ၊ မကြိုက်တဲ့ပုံစံလေးတွေလည်းရှိမှာပေါ့။ မဟုတ်ဘူးလား။
"I can't stand girls with attitude."
မာန်တက်နေတဲ့ကောင်မလေးတွေကိုသည်းမခံနိုင်ဘူး။
"I hate stuck up girls."
ငါကမောက်မာပြီး ဘ၀င်ကိုင်တဲ့မိန်းကလေးတွေကိုမုန်းတယ်။
"The worst kind of girls are high maintenance girls."
အဆိုးဆုံးကတော့ ငါးကြင်းခေါင်းကိုင်ချင်တဲ့မိန်းကလေးတွေပဲဟေ့။
high maintenance =
၁။ အသုံးအဆောင်ဝယ်ရာတွင်ကောင်းပေ့မှလိုချင်သော
၂။ အမြဲတမ်းအပြင်ပန်းအသွင်အပြင်နဲ့သူများကိုဆုံးဖြတ်တတ်သူ။ မိမိကို လူတကာထက်သာတယ်ထင်သူ။
၃။ ရည်းစား၏ဂရုစိုက်မှုကိုအလွန်အမင်းတောင်းဆိုသူ။
"Stay away from nagging girls. You'll want to kill yourself after a month with them."
တဗျစ်တောက်တောက်ပြောတတ်တဲ့မိန်းကလေးတွေတော့ဝေးဝေးရှောင်ဟေ့။ တစ်လလောက်တွဲမိတာနဲ့ ကိုယ့်ကိုယ့်ကို သတ်သေချင်စိတ်ပေါက်သွားမယ်။
"It bothers me when a girl is not independent."
ကိုယ့်အားကိုယ်မကိုးတဲ့မိန်းကလေးမျိုးဆိုရင်စိတ်ရှုပ်တယ်။
"I don't like skinny girls who are like toothpicks. It's just gross."
ဝါးခြမ်းပြားလို ပိန်ပိန်ပါးပါးတွေကိုမကြိုက်ဘူး။
ကဲဒီလိုဆိုတော့ကောင်လေးတို့ သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ စကားဝိုင်းဖွဲ့လို့ရပြီပေါ့။ သူ့အကြိုက်၊ ကိုယ့်အကြိုက်အမြင်ခြင်းဖလှယ်ကြပြီးစိတ်ကူးယဉ်အိပ်မက်လေးတွေမက်နိုင်ပြီ။ ဗိုလ်ချုပ်ဈေးတို့၊ ပလာဇာတို့ရောက်ရင် မျက်စိစားပွဲထိုင်ကာ အချင်းချင်းတီးတိုးမှတ်ချက်လေးတွေပေးနိုင်ကြပြီပေါ့။ ပျော်ရွှင်ကြပါစေ။
No comments:
Post a Comment