1. 1. နေ့စဉ်သုံး English Dictionary & Myanmar Definitions

Monday, September 2, 2013

all and whole အားလုံး၊ တစ်ခုလုံး
all + determiner + noun
eterminer + whole + noun


whole သည် အစိတ်အပိုင်းအားလုံးပါဝင်သည့် အပြည့်အစုံ ကိုဆိုလိုသည်။ all နှင့် whole နှစ်ခုစလုံးအား နာမ်အနည်းကိန်းများနှင့် သုံးနိုင်သည်။ အဓိပ္ပါယ်ဆင်တူသော်လည်း သုံးပုံ word order ကွာခြားပါသည်။

 Julie spent all the summer at home.              all my life
 ဂျူလီတစ်နွေလုံးအိမ်မှာရှိသည်။


 Julie spent the whole summer at home.                  my whole life

 Whole သည် all ထက် ရေတွက်၍ရသောနာမ်အနည်းကိန်းများဖြင့် ပိုတွဲသည်။

 She wasted the whole lesson. (More common than . . . all the lesson.)
 သင်ခန်းစာတစ်ခုလုံးကိုဖြုန်းတီးပစ်သည်။

 all ကို ရေတွက်၍မရသောနာမ် များဖြင့်တွဲသုံးသည်။
She's drunk all the milk (NOT . . . the whole milk—)
the whole time, the whole truth ကဲ့သို့သောချွင်းချက်များလည်းရှိပါသည်။
The whole of သို့မဟုတ်  all (of) သည် proper nouns,  pronouns and determiners တို့ရှေ့တွင်နေသည်။

 I’ve just read the whole of ‘War and Peace’ (OR . . . all of ‘War and Peace’ )
 စစ်နှင့်ငြိမ်းချမ်းရေး တစ်အုပ်လုံးဖတ်ခဲ့ပြီးပြီ။

l didn't understand the whole of/all of lt.
အားလုံးနားမလည်ဘူး။
all right အားလုံးကောင်းသည်။
British English တွင် all right ဟုခွဲရေးသည်
American English တွင်  Alright ဟုတစ်လုံးတည်းပေါင်းသည်လည်းဖြစ်နိုင်သည်။
Everything will be all right.အားလုံးအဆင်ပြေသွားမှာပါ။
almost and nearly အားလုံးနီးပါး၊ နီးပါး


almost နှင့် nearly နှစ်ခုကြားတွင်အဓိပ္ပါယ်ကွာခြားမှုများစွာမရှိပါ။ မကြာခဏ အဓိပ္ပါယ်တူဖြင့်သုံလေ့ရှိသည်။

I’ve nearly finished. I’ve almost finished.
ပြီးလုနီးပြီ။
 
တစ်ခါတစ်ရံတွင် amost သည် nearly ထက်နည်းနည်းပိုနီးသည်။
Nearly ကို negative စကားလုံးများဖြစ်သည့် never, nobody, no one, nothing, nowhere, no,  none စသည်တို့နှင့်တွဲမသုံးပါ။ ယင်းအစားalmost ကိုသုံးပါသည်။ hardly နှင့် ever, anybody, စသည်တို့နှင့်တွဲသုံးသည်။


almost never (NOT nearly never)           hardly ever           တစ်ခါမှ  မလုပ်သလောက်

almost nobody                                     hardly anybody     ဘယ်သူမှမရှိသလောက်

almost no money                                 hardly any money  ပိုက်ဆံတစ်ပြားမှမရှိသလောက်

 

also, as well and too  လည်းပဲ

Clause + as well

clause + too

subject + also + verb

subject + be + also + complement




As well နှင့် too တို့သည် clause တစ်ခု၏အဆုံးတွင်နေလေ့ရှိသည်။  အဓိပ္ပါယ်အတူတူပင်ဖြစ်သည်။

She not only sings; she plays the piano as well.
သူသီချင်းဆိုရုံတင်မဟုတ်ဘူး။ စန္ဒယားလည်းတီးတယ်။


We all went to Brighton yesterday. John came too.
မနေ့က တို့အားလုံး ဘရိုက်တန်ကိုသွားကြတယ်။ ဂျွန်လည်းလာတယ်။
 
 As well နှင့်too သည် အဓိပ္ပါယ်ပေါ်မူတည်၍ ၀ါကျ၏အခြားအစိတ်အပိုင်းကိုညွှန်းရာတွင် လည်းသုံးသည်။

(Other people have meetings on Sundays, and) We have meetings on Sundays as well. 
ကျွန်တော်တို့လည်း တနင်္ဂနွေနေ့တွေမှာ အစည်းအဝေးရှိသည်။ (အခြားသူများ တနင်္ဂနွေနေ့မှာ အစည်းအဝေးရှိသည်။)


We go for walks on Sundays, and) We have meetings on Sundays as well. ကျွန်တော်တို့ တနင်္ဂနွေနေ့တွေမှာ အစည်းအဝေးလည်း ရှိသည်။ (တနင်္ဂနွေနေ့တွေမှာ လမ်းလျှောက်ထွက်ကြသည်။)

စကားပြောသည့်အခါမိမိလိုချင်သည့်အဓိပ္ပါယ်ရောက်စေရန် မိမိတို့ရည်ညွှန်းသည့်စကားလုံးတွင်ဖိပြောပါသည်။ 

Too  နှင့် as well တို့အား ‘short answers’. အတိုဖြေရာတွင်မကြာခဏသုံးလေ့ရှိသည်။

‘She's nice.’  ‘I think so too.’ သူမက စိတ်ထားကောင်းတယ်။ ငါလည်းဒီလိုပဲထင်တယ်။

 ‘I've got a headache.’  ‘l have as well.’  ငါခေါင်းကိုက်နေတယ်။ ငါလည်းဒီလိုပဲ။

very informal speech ပေါ့ပေါ့ပါးပါးအပြောစကားတွင် Me too ဟုမကြာခဏသုံးတတ်သည်။

 ‘l’m going home’  ‘Me too’
 ငါအိမ်ပြန်တော့မယ်။ ငါကောပဲ။

 သို့ရာတွင် formal speech အခန့်သုံးစကားတွင်တော့ I am too သို့မဟုတ် So am I
 ဟုပိုသုံးသည်။

 
 Also ကို ကြိယာ၏ရှေ့တွင်ထားလေ့ရှိသည်။

 l don’t like him. I also think he's dishonest.
 ငါသူ့ကိုသဘောမကျဘူး။ ပြီးတော့ သူဟာမရိုးသားဘူးလို့လည်းထင်တယ်။

She sings, and she also plays the piano.
သူသီချင်းလည်းဆိုတယ်။ စန္ဒယားလည်းတီးတယ်။

 Also သည် am, is, are, was, were တို့၏နောက်တွင်နေသည်။
 

I’m hungry, and I’m also very tired.
ငါဗိုက်ဆာတယ်။ ပင်လည်းပင်ပန်းနေတယ်။
 
Also+comma ကိုအရှေ့ဆုံးတွင်တင်ရေးလျှင် ၀ါကျတစ်ကြောင်းလုံးကိုရည်ညွှန်းနိုင်သည်။

 
It's a nice house, but it’s vary small. Also, it needs a lot of repairs.
ဒါအိမ်ကောင်းတစ်လုံးပါ။ ဒါပေမယ့် သေးလွန်းတယ်။ ပြီးတော့ ပြင်ဆင်မှုတွေအများကြီးလိုနေတယ်။


also, as well နှင့် too တို့ကို အငြင်းဝါကျ negative sentences များတွင်သုံးလေ့မရှိပါ။ ယင်းအစား
not,  either,  neither, nor ပုံစံများဖြင့်သုံးသည်။

 

He’s there too.— He isn’t there either.
သူလည်းဟိုမှာ။    သူလည်းဟိုမှာမရှိဘူး။
 

I like you as well.— I don’t like you either.
ငါလည်းမင်းကိုကြိုက်ပါတယ်။    ငါလည်းမင်းကိုမကြိုက်ပါဘူး။


အဆင်ပြေနိုင်ကြပါစေ နေသွေးမြန်မာ

No comments:

Post a Comment