1. 1. နေ့စဉ်သုံး English Dictionary & Myanmar Definitions

Monday, September 2, 2013

English စကားပြော အသံထွက်လေ့ကျင့်မယ်



Software မလိုဘဲ English လိုအသံထွက် အား နားထောင်ရင်း လေ့ကျင့်မယ်။ Software တွေတကူးတကရှာပြီး English လို အသံထွက်လေ့ကျင့်စရာမလိုပါဘူး..
ကိုယ်ကိုယ်တိုင်သိချင်တဲ့စကားလုံးကို ရိုက်ထည့်ပြီး အသံထွက်ခိုင်းလိုက်ပါ။
ဒါကို ကိုယ့်က နားထောင်ပြီး အသံထွက်လေ့ကျင့်ပေါ့..
လုပ်ဆောင်ဖို့အတွက် မခက်ပါဘူး။

Control panel ထဲမှာရှိတဲ့ Speech မှာအသုံးပြုလို့ရပါတယ်.။
Start / Control panel မှတဆင့် Speech ကိုရွေးချယ် Click ပေးပါ။ ပုံပါအတိုင်းတွေ့ရပါလိမ့်မယ်။
တစ်ချို့က Control panel မှာ Category View နဲ့ပေါ်နေရင် Sounds, Speech and Audio Devices မှာ
Click နှိပ်ရွေးချယ်ပေးနိုင်ပါတယ်။





"you have selected Microsoft Sam as the computer's default voice" ဆိုတာကို Delete လုပ်လိုက်ပြီး ကိုယ်အသံထွက်စေချင်တဲ့ English စာသားကိုရိုက်ထည့်ပြီး Preview voice မှာနှိပ်လိုက်ပါ..တိတိကျကျအသံထွက်ပေးပါလိမ့်မယ်.

တခါနဲ့ အားမရရင် အခေါက်ပေါင်းမြောက်မြားစွာ Preview voice ကိုနှိပ်ပြီး နားထောင် လေ့ကျင့်နိုင်ပါတယ်..
အင်္ဂလိပ်အသံထွက် Software ကိုမှ ခက်ခက်ခဲခဲရှာစရာမလိုဘဲ..လွယ်ကူစွာ အသုံးပြုလို့ရတဲ့ Speech ကိုအကျိုးရှိရှိအသုံးပြုလိုက်ကြပါလို့သတင်းကောင်းပါရင်း..
အဆင်ပြေနိုင်ကြပါစေနေသွေးမြန်မာ

 

No comments:

Post a Comment