အင်္ဂလိပ်ဘာသာစကားကို အသုံးပြုရာတွင် (request) တောင်းခံခြင်းနှင့် (permission) တောင်းခံမှုကို ခွင့်ပြုခြင်းစသည့် အကြောင်းများကို (exercise) လေ့ကျင့်ခန်းများ ပြုလုပ်ရင်းဖြင့် လေ့လာကြည့်ကြရအောင်။
Exercise 1
Complete the requests with the correct form of a verb in the list.
help send call take use work
ဤပေးထားသော verb ၆ ခုဖြင့် အောက်ပါဝါကျ ၆ကြောင်းကို ဖြည့်ကြရပါမည်။
Do you think you could _____ this Saturday?
Can you give me a _____ tomorrow?
Could I _____ your computer this afternoon? Mine’s not working.
Would you mind _____ me an email about that?
Is it ok if I ____ Friday off?
Would you mind ____ me with this report?
Answer Key
work
call
use
sending
take
helping
မှတ်ချက်။
Request polite form ၏ ဝါကျဖွဲ့စည်းပုံတွင် "Would you mind ________ ?" structure ကို သုံးပါက Verb ကို "ing" ပေါင်းပေးရပါသဖြင့်
Sentence 4 တွင်
Would you mind sending me ______?
Sentence 6 တွင်
Would you mind helping me ______?
စသည်ဖြင့် Ving ကို အသုံးပြုရပါသည်။
Exercise 2
Match the requests and responses.
Exercise 1မှ requests များကို exercise 2 မှ responses တုန့်ပြန်မှုများဖြင့် ယှဉ်တွဲကြည့်ကြရအောင်။
No.1 ၏ နမူနာ ဖြေဆိုပုံကို ရှင်းပြဖြေဆိုထားပါသည်။
Request (1)
Do you think you could work this Saturday?
စနေနေ့တွင် အလုပ်ဆင်းနိုင်မလားဟု ယဉ်ကျေးစွာ (request) တောင်းဆိုမေးမြန်းခြင်းဖြစ်ပါသည်။
Response (f)
Yes of course. Shall I come in at ten o'clock?
လာနိုင်ပါတယ်။ (၁၀) နာရီလာရမှာလားဟု ပြန်လည်မေးမြန်းထားပါသည်။
Responses
a. I’m sorry, but we really need you.
b. I’m sorry, but I need it. What’s wrong with yours?
c. Sure. What time shall I phone?
d. I’m afraid I can’t just now. Maybe Joe can help you.
e. Of course not.
f. Yes, of course. Shall I come in at 10 o’clock?
Requests နှင့် responses matching ကို answer key ကိုက်ကြည့်ကြရအောင်။
Answer Key
1.f, 2.c, 3.b, 4.e, 5.a, 6.d
Answer key ရှင်းလင်းချက်။
Request (2)
Can you give me a call tomorrow?
မနက်ဖြန် ကျွန်ုပ်ကို phone ဆက်ပေးပါဟု (request) လုပ်ခြင်းဖြစ်ပါသည်။
Response (c)
Sure. What time shall I phone?
Sure သည် Yes, of course နှင့်တူပါသည်။ call သည် phone(v) အဖြစ်သုံးထားပါသဖြင့် phone ခေါ်သည်ဟု အဓိပ္ပါယ်ရပါသည်။
ဘယ်အချိန် ကျွန်ုပ် phone ဆက်လိုက်ရမလဲဟု တုန့်ပြန်မေးမြန်းခြင်းဖြစ်ပါသည်။
Request (3)
Could I use your computer this afternoon? Mine's not working.
ကျွန်ုပ် computer ပျက်နေလို့ သင့် computer ကို ဒီနေ့ နေ့လည် သုံးခွင့်ပြုပါဟု (request) တောင်းဆိုခြင်းဖြစ်ပါသည်။
Response (b)
I'm sorry but I need it. What's wrong with yours?
Request ကို ငြင်းဆန်ပါက "I'm sorry" ဝမ်းနည်းပါတယ်ဟု apology ဖြင့် နိဒါန်းပျိုးရပါသည်။ ထို့နောက်မှ မငှါးနိုင်ခြင်းအကြောင်းကို "I need it" ကျွန်ုပ်လည်း အသုံးလိုလို့ပါ။ "What's wrong with yours?" မင်း computer ဘာဖြစ်နေလို့လဲဟု ဆက်လက်မေးမြန်းပါသည်။
Request (4)
Would you mind sending me an email about that?
ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်ုပ်အား email ပို့ပေးပါရန် ယဉ်ကျေးစွာ (request) တောင်းခံခြင်းဖြစ်ပါသည်။
Response (e)
Of course not.
"Of course not" သည် "I don't mind sending you an email about that" ဟု အဓိပ္ပါယ်ရပါသဖြင့် ပို့ပေးပါမည်ဟု တုန့်ပြန်လက်ခံခြင်းဖြစ်ပါသည်။
ရှင်းလင်းချက်။
Would you mind V-ing ___? ဖြင့် (request) လုပ်ပါက (response) တွင် "Of course not" သည် ယခင် (responses) များ ကဲ့သို့ Sure/Yes, of course. အစရှိသဖြင့် လက်ခံဆောင်ရွက်ပေးပါမည်ဟု အဓိပ္ပါယ်ရပါသည်။
Request (5)
Is it ok if I take Friday off?
ကျွန်ုပ် သောကြာနေ့တွင် off ခွင့်/နားရက်ယူပါက ဖြစ်ပါသလားဟု (request) ခွင့်တောင်းခံခြင်းဖြစ်ပါသည်။
Response (a)
I'm sorry, but we really need you.
"I'm sorry" ဟု ယဉ်ကျေးစွာ သောကြာနေ့ကို ခွင့်မပေးနိုင်ကြောင်း (apology) တောင်းပန်ပြီးနောက် သင့်အား ကျွန်ုပ်တို့ အမှန်တကယ်လိုအပ်လို့ပါဟု အကြောင်းပြတုန့်ပြန်ပါသည်။
Request (6)
Would you mind helping me with this report?
ဤ report အစီရင်ခံစာတင်ပြနိုင်ရန် ကူညီပေးပါဟု ယဉ်ကျေးစွာ (request) လုပ်ခြင်းဖြစ်ပါသည်။
Response (d)
I'm afraid I can't just now. May be Joe can help you.
ဤ (response) တွင် "I'm afraid" သည် "I'm sorry" ကဲ့သို့ပင် (request) ကို ယဉ်ကျေးစွာငြင်းဆန်သည် (apology) တောင်းပန်ခြင်းဖြစ်ပါသည်။
ထို့နောက်မှ အကြောင်းပြချက် (excuse) "I can't just now." ယခု လောလောဆယ်မကူညီနိုင်ကြောင်း၊ Joe က ကူညီနိုင်ပေလိမ့်မယ်ဟု ပြောကြားတုန့်ပြန်ပါသည်။
ဤသင်ခန်းစာကို ခြုံငုံကြည့်ပါက "polite request form" ၏ pattern သဏ္ဍာန်များကို Exercise (1) တွင် တွေ့မြင်နိုင်ပါသည်။
Exercise (2) တွင် Respond တုန့်ပြန်နည်းနှစ်မျိုး လက်ခံခြင်းနှင့် ငြင်းဆိုနည်းတို့ကို တွေ့မြင်နိုင်ပါသည်။
Request တစ်ခုကို လက်ခံပါက "Yes of course" သို့မဟုတ် "Sure/Certainly" စသည်ဖြင့် နိဒါန်းပျိုးပြီးမှ (request) နှင့် လျော်ညီအောင် ပြန်လည်မေးမြန်း/ဖြေဆိုသော (response) ကိုပေးပါသည်။
Request တစ်ခုကို ငြင်းဆိုတော့မည်ဆိုပါက ယဉ်ကျေးရန်အလို့ငှါ "I'm sorry/I'm afraid" စသည်ဖြင့် apology ဖြင့် တောင်းပန်ပြီးမှသာ ငြင်းဆန်ရခြင်းအကြောင်း (excuse) ကို ဆက်လက်ပြောကြားကြောင်းတွေ့မြင်ရပါသည်။
ဤသို့ဖြင့် "functions in English" အင်္ဂလိပ်ဘာသာစကားရပ်၏ လုပ်ငန်းအရပ်ရပ်ကို နားလည်သဘောပေါက်ပြီး speaking skills များ တိုးတက်ကောင်းမွန်ကြပါစေ။
No comments:
Post a Comment